သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-24
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်တွေဖြစ်ကြတဲ့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် စာရေးဆရာ သီဟစောနဲ့ ရန်ကုန်မီဒီယာအဖွဲ့(Yangon Media Group) ဥက္ကဌ စာရေးဆရာ ကိုကို(စက်မှု) တို့ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ မီဒီယာဥပဒေ ရေးဆွဲပြဌာန်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့တော်ကို အခုရောက်ရှိနေကြပါတယ်။
2013-02-23
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒပြနေကြတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီကနေ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က သံမှိုရွာကို ရောက်ရှိနေပြီလို့ သိရပါတယ်။
2013-02-23
နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ဒီကနေ့ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်မူကြမ်းကို ချမှတ်လိုက်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2013-02-23
မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာဖို့ ရည်ရွယ်ချက် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကော်မတီကို ဦးဆောင်ကော်မတီဝင် ၅ ဦးနဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
2013-02-23
ကချင်ပြည်နယ်မှာ စစ်ပွဲဘေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ မြန်မာ့ လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ မနေ့က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကနေ ပြန်လာခဲ့ရာ အနှောက်အယှက်တွေ ကြုံခဲ့ရပါတယ်။
2013-02-23
မန္တလေးမြို့လယ်၊ ၂၅လမ်းနဲ့ ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်တဲ့အနေနဲ့ မြို့ခံလူတစ်စုက ၂၅ လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေမှာ ဒီကနေ့ ဗီနိုင်း ပိုစတာတွေကို လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
2013-02-23
အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ ပူးပေါင်းလုပ်ဆောင်မှသာ လက်ရှိဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-02-23
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ၊ အောင်ဆန်းရပ်ကွက်၊ စက်မှုလက်မှု အထက်တန်းကျောင်းဝင်းထဲမှာ ပြုပြင်မွမ်းမံခဲ့ခြင်းမရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနဲ့ ဗိုလ်ချုပ်အောင်ဆန်း အမည်တပ်ထားတဲ့ပန်းခြံကို ပြန်လည်ပြုပြင်ဖို့အတွက် ဒီကနေ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။
2013-02-22
ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ ကချင်ပြည်နယ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး အပြန်လမ်းမှာ လက်ဂျားယန်တံတားမှာ မြန်မာအစိုးရတပ်က ဟန့်တားထားတာကြောင့် မိုးလဲချောင်းထဲက လှည့်သွားခဲ့ရပါတယ်။ ဒီအကြောင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-02-22
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းမှာ ပြန်လည် နေရာချထားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး၊ အမေရိကန်အစိုးရကလည်း မြန်မာဒုက္ခသည်တွေကို ခေါ်ယူအခြေချခွင့်တွေ ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
2013-02-22
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာရှိတဲ့ဘဏ် ၄ ခုနဲ့ ငွေကြေးကိစ္စတွေဆောင်ရွက်ဖို့ သောကြာနေ့က ခွင့်ပြုလိုက်ပါတယ်။ အမေရိကန် ဘဏ္ဏာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ အမေရိကန် ကုမ္ပဏီတွေ၊ တသီးပုဂ္ဂလိကတွေ၊ ဘဏ္ဏာရေး အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့စီးပါွးရေးဘဏ်၊ မြန်မာရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နဲ့ ဧရာဝတီဘဏ်တွေကို ဆက်သွယ်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။
2013-02-22
နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆုကို သွားရောက် လက်ခံရယူခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုဟာ မြန်မာနိုင်ငံကို မနေ့က ပြန်လည်ရောက်ရှိလာ ခဲ့ပါတယ်။
2013-02-22
နိုင်ငံခြားပညာရှင်တွေရဲ့ အကြံပေး ပြောကြားချက်တွေကို ဂရုတစိုက်လေ့လာပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွ့ဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2013-02-22
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကိစ္စရပ်တွေမှာ ပါဝင်ကူညီပေးနိုင်ဖို့ အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ကို လူမှုအဖွဲ့အစည်းတွေနဲ့ နာမည်ကြီး ကဗျာဆရာ၊ စားရေးဆရာတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီကနေ့ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။
2013-02-22
မြန်မာနိုင်ငံက တရားရုံးတွေမှာ စစ်ဆေးတဲ့ အမှုအခင်းတွေကို သက်သေ အထောက်အထား ရယူဖို့အတွက် မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း သွားမယ်လို့ ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။