သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-29
လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံ သွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့က ကြေ ညာလိုက်ပါတယ်။
2013-10-29
မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် ပထမနေ့ကို ဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2013-10-29
သံလွင်မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အားထုတ်ယူမယ့် ရေကာတာ ၆ ခု တည်ဆောက်မှာကို တိုင်းရင်းသားဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဒီနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီး ဒိုင်းမွန်းကွန်ဒိုမှာ မြန် မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2013-10-29
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအခြေစိုက် တဲ့ လိုင်ဇာမြို့မှာ မနက်ဖြန်စတင်ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ရဲ့ညီလာခံကို တက်ရောက်ဖို့ တစ်နိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့နဲ့ ကိုယ်စားလှယ် ၆၀ကျော် လိုင်ဇာမြို့ကို ဒီကနေ့ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
2013-10-29
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဖက်မှာ အစိုးရစစ်ကြောင်းတွေ များပြားလာနေတဲ့အတွက် ဒေသခံတွေ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာနေကြပါတယ်။ သူတို့ကို ကူညီဖို့စီစဉ်နေတဲ့ ဗန်းမော်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးတူးဂျာကို RFA သတင်းထောက် မရတနာဦး က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2013-10-29
မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍမှာ ကိုယ်စားပြုခွင့်ပိုရလာဖို့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတွေက ညီလာခံတွေ ကျင်းပဆွေးနွေးနေကြပါတယ်။
2013-10-29
မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတွင်းလုပ်သား တစ်ရာကျော်ဟာ ရွှေတွင်းလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ မိုးထိမိုးမိကုမ္ပဏီက ရွှေတူးဖော်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် အလုပ်အကိုင်မဲ့ဖြစ်ပြီး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-29
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၇) ရပ်ကွက်က ဒေသခံတွေဟာ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးဖို့ အောက်တိုဘာလ ၂၆ ရက်၊ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-29
ရွှေပါရမီ ဖောင်ဒေးရှင်းရဲ့ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-10-29
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ပြည်နယ်အတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၉၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-29
ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေက လယ်ယာမြေ လျော်ကြေးရလိုတဲ့အကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-29
မြန်မာနိုင်ငံမှာ ဘာသာတရားတွေ ကြား ဆွေးနွေးညှိနှိုင်းကြဖို့ ဗာတီကန် ကျောင်းတော်က ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
2013-10-29
အီတလီနိုင်ငံကိုရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက အီတလီ အစိုးရခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် Enrico Letta နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ဝန်ကြီးချုပ်က အီတလီအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ။
2013-10-28
‘ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခစစ်ပွဲများ ဆိုင်ရာ မြန်မာ့စီးပွားရေးအခြေအနေ’ ဆိုတဲ့ အစီရင်ခံစာ ထုတ်ဝေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့က ရန်ကုန်မြို့ ကုန်သည်လမ်း မြန်မာနိုင်ငံ သတင်းသမားများ စာကြည့် တိုက်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ ပါတယ်။
2013-10-28
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဘက်က ဒေသခံတွေဟာ အစိုးရစစ်ကြောင်းတွေ များလာတဲ့အတွက် လုံခြုံရေး စိုးရိမ်ပြီး ဗန်းမော်မြို့ဘက်ကို ဒီနေ့ လူဦးရေငါးရာလောက် ဦးတည်လာနေကြောင်း ဗန်းမော် ကချင်နှစ်ခြင်း အသင်းတော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။