သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-28
ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ်ကို အောက်တိုဘာ ၂၇ ရက်နေ့က မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းသွားပို့တဲ့ ယာဉ်တန်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က မှားယွင်းပစ်ခတ်မိတာလို့ RCSS ပြောခွင့်ရသူက အတည်ပြုပြော ပါတယ်။
2020-10-28
ပြည်သူတွေဟာ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ လွတ်မြောက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြန်လည်တမ်းတနေပြီး၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် သူ့မဲဆန္ဒနယ်မှာ အနိုင်ရမှာ သေချာတယ်လို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် USDP ကိုယ်စားလှယ်လောင်း၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်က ပြောလိုက်ပါတယ်။
2020-10-28
ရွေးကောက်ပွဲကော်မရှင်က တိုင်းရင်းသားလူမျိုးစုဒေသ အများအပြားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးဆိုပြီး ကြေညာလိုက်တာဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် လူနည်းစု မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကို လျစ်လျူရှုရာ ရောက်တယ်လို့ HRW အဖွဲ့ရဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ဒီကနေ့ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2020-10-28
ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေထဲက စည်ပင်သာယာဌာနက ဆောင်ရွက်တဲ့ ပန်းဥယျာဉ်အလှဆင်တဲ့လုပ်ငန်းတွေ ကုန်ကျစရိတ်များတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဝေဖန်ခံနေရပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
2020-10-28
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ နေပြည်တော်မှာ ကြိုတင်မဲပေးကြမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး က ဒီနေ့ အိမ်တော် သတင်းထောက်တွေကို အွန်လိုင်းကတဆင့် အသိပေးခဲ့ပါတယ်။
2020-10-27
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်မတော်မိသားစုတွေနဲ့ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ ဒီမိုကရေစီ အစိုးရနှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးစဉ်းစားပြီး မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
2020-10-27
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းများနေတဲ့ မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲမှာလည်း ပိုးကူးစက်လာခဲ့ပါပြီ။ ဒီနေ့ထိ အတည်ပြုနိုင်သလောက်ဆိုရင် ပဲခူးတိုင်း၊ သာယာဝတီထောင်နဲ့ ဧရာဝတီတိုင်း မအူပင်ထောင်မှာ ရာနဲ့ချီတဲ့အကျဉ်းသားတွေ ပိုးကူးထားပြီလို့ သိရပါတယ်။
2020-10-27
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ဒေသတွေထဲက ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
2020-10-27
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့၊ ဒါမှမဟုတ် မကျင်းပဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၆ ရက် နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
2020-10-27
ကယားပြည်နယ် မယ်စဲ့မြို့နယ်က ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေး ကြိုးတွေ ပြတ်တောက်မှု ဝေဖန်ခံနေရပါတယ်။ မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကတော့ ကြိုတင်ဆန္ဒမဲတွေ မရောက်လာသေးတာကြောင့် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာမရှိကြောင်း ပြောပါတယ်။
2020-10-27
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး USDP ပါတီကို လူသတ်ပါတီ လို့ ပြောဆိုနေတဲ့အပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ရှုံ့ချသလို တရားစွဲတာတွေ လုပ်သွားမယ်လို့ ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2020-10-27
မြန်မာက အိန္ဒိယနိုင်ငံကနေ ရေငုပ်သင်္ဘော ဝယ်ယူခဲ့တာကို အခြေခံပြီး အရှေ့တောင် အာရှမှာ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို တန်ပြန်တုံ့ပြန်တဲ့လုပ်ရပ်ဖြစ်တယ် ဆိုတဲ့ အယူအဆဟာ မှားနေကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းစာရဲ့ အင်တာနက်စာမျက်နှာ ဆောင်းပါးတစောင်မှာ မနေ့က ဖော်ပြထားပါတယ်။
2020-10-27
ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံးကို ကူးစက်နေတာဟာ သစ်တောပြုန်းတီးတာ၊ ဇီဝမျိုးစုံမျိုးကွဲတွေ ထိခိုက်တာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။
2020-10-27
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့ ဒီလိုအခြေအနေမှာ ရောဂါကူးစက်မှုနှုန်း ကျဆင်းမသွားသေးတဲ့အတွက် ရွေးကောက်ပွဲနေ့ကျရင် မဲရုံတွေမှာ ဆန္ဒမဲ ထွက်ပေးလို့ ရောဂါကူးစက်ခံရမှာ စိုးရိမ်နေကြတာပါ။
2020-10-27
ကယားပြည်နယ်မှာ ဒီးမော့ဆိုမြို့နယ်မှာ နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုရဲ့ ဝက်မွေးမြူရေး စီမံကိန်းကထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးကြောင့် ရေရှည်မှာ ရေအရင်းအမြစ်တွေ ပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။