သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ AA အဖွဲ့နဲ့ပတ်သက်လို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားဖို့ရှိတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြဖို့ ပြည်နယ်အစိုးရက အကြောင်းကြားထားပါတယ်။
2020-06-26
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ရာကနေ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကချင်ပြည်နယ်ကို ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ရှိနေပါပြီ။ နေအိမ်ပြန်ရောက်ပေမယ့်လည်း အများစုက အလုပ်လက်မဲ့ဖြစ်နေကြတဲ့အတွက် အခက်အခဲ တွေ့နေကြရပါတယ်။
2020-06-25
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တရုတ်ပြည်က ရွှေ့ပြောင်းလာမယ့် နိုင်ငံခြားကုမ္မဏီတွေကို မြန်မာနိုင်ငံက စည်းရုံးဖိတ်ခေါ်နိုင်မယ်ဆိုရင် အကျိုးရှိလိမ့်မယ်လို့ စီးပွားရေးကျွမ်းစီးပွားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
2020-06-25
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “၂၀၂၀ ရွေးကောက်ပွဲ မှာ လူကိုကြည့်မလား၊ ပါတီကိုကြည့်မလား” ဆိုတဲ့ ခေါင်းစဥ်နဲ့ အွန်လိုင်းကနေ ဆွေးနွေးသွားမှာပါ။
2020-06-25
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး နယ်မြေခံ တပ်မတော်မိသားစုဝင် သုံးဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံ သုံးဦးကို ရှာဖွေတဲ့ စစ်ကြောင်းကို AA က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ AA ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးထားတာ ဟုတ်မှန်ကြောင်း ဒီနေ့ RFA ကို အတည်ပြုပြောပါတယ်။
2020-06-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သင်းကျစ်တောင်ဘုရားကုန်းနဲ့ ဘူးသီးတောင်မြို့နယ်က (၃၁)ဘုံဘုရားတွေမှာ တပ်မတော်က တပ်မတော်က တပ်စခန်းချထားတာမရှိဘဲ လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-06-25
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်ခွင့်မရသေးတဲ့ အချိန်အတွင်း စိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ တစ်စုံတစ်ခု ခံစားလာရင် အချင်းချင်းဖွင့်ပြောကြဖို့နဲ့ မျှော်လင့်ချက်တွေကို မစွန့်လွှတ် ကြဖို့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အလုပ်သမားကူညီရေး အဖွဲ့အစည်းတွေက အားပေးအကြံပြုကြပါတယ်။
2020-06-25
လူသိများတဲ့ နိုင်ငံရေးသမားတွေဟာ လာမယ့်နိုဝင်ဘာလထဲမှာပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတွေထောင်ပြီး ဝင်လာကြတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ကာလကလို နာမည်ကြီးနိုင်ငံရေးသမားတွေက သမ္မတဖြစ်ချင်ပါတယ်လို့ ထုတ်ပြောလာတာမျိုးကိုတော့ ဒီကာလမှာ မကြားရပါဘူး။
2020-06-25
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-06-24
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲပြီးရင် ဖြစ်လာမယ့် နိုင်ငံရေး အခြေအနေကို နိုင်ငံရေးပါတီအားလုံးက စိတ်ဝင်စားနေကြပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့အင်အား အလုံအလောက်ရနိုင်သလို ညွန့်ပေါင်းအစိုးရလည်း ပေါ်လာနိုင်တယ်လို့ ပြောဆိုသံတွေ ကြားနေရပါတယ်။
2020-06-24
ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Wilson Center အဖွဲ့က ကမကထပြုလုပ်ပြီး မနေ့ညက ဆွေးနွေးကြပါတယ်။
2020-06-24
ကယားပြည်နယ်မှာ အစိုးရအသိအမှတ်ပြု ကတ်ပြားတစ်ခုမှ မကိုင်ဆောင်ထားသူ နှစ်သောင်းဝန်းကျင်ရှိနေပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးသွားနိုင် တာကြောင့် အစိုးရက ကူညီဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီက ပြောဆိုနေကြပါတယ်။
2020-06-24
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ခြောက်ဦးကို အမှုဖွင့်ထားပါတယ်။
2020-06-24
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှာ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒီနေ့အထိ တစ်ဦးမျှမရှိခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့် ၂၀၂၀ မှာတော့ NLD က ဒီအစဉ်အလာထဲကနေ ရုန်းထွက်တော့မှာပါ။ NLD ပါတီရဲ့ မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်စလင်ကိုယ်စားလှယ်လောင်း တချို့ ပါဝင်လာပါပြီ။
2020-06-24
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းဖျားမှာရှိတဲ့ ကျေးရွာ ၂၀ ကျော်က ချင်းတိုင်းရင်းသား သုံးထောင်ကျော် လောက်ဟာ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လပ်တာကြောင့် ရှမ်းကုန်းနဲ့ မင်္ဂလာဒုံကျေးရွာ တွေကို ရောက်လာကြပါတယ်။ နယ်စပ်ရေးရာဝန်ကြီးကတော့ သူတို့ ဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းသူတွေ ကိုတော့ ရိက္ခာသယ်ခွင့်ပေးတယ်လို့ ပြောပါတယ်။