သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-26
ကပ်ရောဂါဖြစ်ပွားနေတဲ့ လက်ရှိကာလမျိုးမှာ တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကြေညာသင့်တယ်လို့ ဝေဖန်ကြပေမယ့် ရခိုင်ပြည်နယ်မှာ AA အဖွဲ့က တိုက်ခိုက်နေတာရှိတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်လို့ မရဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2020-09-26
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ များပြားနေချိန်မှာ ရောဂါလက္ခဏာရှိတဲ့သူ တချို့ဟာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသတာမျိုးမရှိဘဲ အိမ်မှာပဲ ကျိတ်ပြီး ကုသနေတာမျိုးတွေရှိနေတယ်လို့ ကြားရတဲ့အတွက် ကျိတ်ကုတာမျိုးမလုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီသတင်းမှာ ပြောကြားသွားပါတယ်။
2020-09-26
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ ထုတ်လွှင့်တဲ့ “RFA စကားဝိုင်း” (RFA Talk) အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ " ကပ်ဘေးကာလနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-09-26
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန် မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် ရိက္ခာအတွက် နယ်ခြားဖြတ်တင်သွင်းမှုကို အားကိုးနေရတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-09-25
မြန်မာပြည်မှာ ဗုဒ္ဓသာသာနာအတွက် သံဃာတွေပညာသင်တဲ့ စာသင်တိုက်ကြီး တွေဟာ ကိုရင်တွေ ရဟန်းတော်တွေ တနေရာထဲမှာ ရာနဲ့ချီ သီတင်းသုံးနေထိုင်ရတဲ့ နေရာတွေဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် က သံဃာအပါး ၃၅ဝ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေပါတယ်။
2020-09-25
RFA က ၂ ပတ်တကြိမ် တင်ဆက်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-09-25
ကမ္ဘာမှာ လူ ၉ သန်းကျော်ဟာ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် နှစ်စဉ် သေဆုံးနေရပါတယ်။ သွေးတိုးရောဂါဟာ လက္ခဏာမပြဘဲ ရှိနေတတ်တာကြောင့် လူအများစုက ကိုယ့်မှာ သွေးတိုးရှိနေတယ်လို့ မသိကြပါဘူး။
2020-09-25
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နေတဲ့ကာလမှာ အကြောပြင် အနှိပ်ခန်းတွေ ပိတ်ထားရတာကြောင့် အနှိပ်ကျွမ်းကျင်တဲ့ မျက်မမြင်လုပ်သားတွေ ဝင်ငွေကင်းမဲ့ပြီး အခက်တွေ့နေရပါတယ်။
2020-09-25
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု မြန်မာနိုင်ငံမှာ သိသိသာသာမြင့်တက်လာနေချိန် - ဒီရောဂါစတင်ခဲ့တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်ပြီး သတိထားလာနေရပါပြီ။
2020-09-25
ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာစောင့်ကြည့်ဖို့ နေရာ၊ ပစ္စည်းနဲ့ လူအင်အား မလုံလောက်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတယ်လို့ သံသယရှိလူနာတွေကို နေအိမ်ကို ပြန်လွှတ်နေရတယ်လို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဖျားနာဆေးခန်း (Fever Clinic) မှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။
2020-09-25
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးတော်ပုံမှာ ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်သလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးစည်သူမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2020-09-25
ရန်ကုန်မှာ ရောဂါကူးစက်ခံရမှုတွေ တိုးလာနေသလို၊ ကပ်ရောဂါထိန်းချုပ်ရေးကာလ ထိခိုက်လာနေတဲ့ လုပ်ငန်းတွေထဲမှာ မြို့တော်စည်ပင်သာယာရေးလုပ်ငန်းလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမနက်အထိ ရောဂါကူးစက်ခံရသူ ၈၅ဝဝ ကျော်သွားပါပြီ။
2020-09-25
ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ဆက်တိုက်အောင်နိုင်ခဲ့တဲ့ ချောင်းဆုံမြို့နယ် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သူအောင်နိုင်ထားတဲ့ မဲဆန္ဒနယ်မြေကပဲ ရွေးကောက်ပွဲ ဆက်ပြီးဝင်ပြိုင်မှာပါ။
2020-09-25
နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ အာဏာရ NLD ပါတီ၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ကျေးရွာတွေအထိ အပြိုင်အဆိုင်သွားရောက်ပြီး မဲဆွယ်စည်းရုံးနေကြပါတယ်။
2020-09-25
ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ များလာတဲ့အတွက် တပ်မတော်က နေရာ ၃ ခုမှာ လူ ထောင်နဲ့ချီပြီး ဆေးကုသပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။