သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-06
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှုခင်း ဆရာဝန်တွေက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
2014-11-06
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နဲ့ တက္ကသိုလ်ကျောင်း သားသမဂ္ဂ (တကသ) တို့ ပူးပေါင်းကျင်းပမယ့် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးပိတ်ပင်နေပေမယ့် မဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ဗကသများအဖွဲ့ချုပ် က ပြောဆိုလိုက်ပါတယ်။
2014-11-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း ၊ ပြည်ပ သတင်းထောက်တွေနဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ညနေက တွေ့ဆုံပြီး သတင်းထောက်တွေ ရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2014-11-06
UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ရဲ့ ညီလာခံကို ဒီလအတွင်း ကျင်းပသွားမယ်လို့ ဒီနေ့ UNA အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2014-11-06
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု ကို ဖော်ထုတ်ပေးဖို့ နိုင်ငံရေး အင်အားစုတွေ လူမှုရေး အသင်းအဖွဲ့တွေ စုပေါင်းပြီး မနေ့ညက မန္တလေးမြို့ မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်
2014-11-06
မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် နည်းပညာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှု စတဲ့ အခက်အခဲတွေရှိနေဆဲဖြစ်ပေမယ့် အောင်မြင်နေတဲ့ လုပ်ငန်းတွေ ရှိနေတယ်လို့ သိရပါတယ်။
2014-11-06
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ရပ်ဆိုင်းနေတာ လအတန်ကြာ ရှိလာပြီဖြစ်ပေမယ့် အမေရိကန်နဲ့ အခြားအနောက်နိုင် ငံတွေက အကောင်းမြင်ဝါဒ သိပ်ပြီးလွန်ကဲနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2014-11-06
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ ပေါ်ထွက်လာပြီဆိုပြီး လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေထဲမှာ အမေရိကန် နဲ့ တခြား အနောက်နိုင်ငံတွေထက် တရုတ်နဲ့ ထိုင်းတို့လို အာရှနိုင်ငံတွေက ပိုမို များပြားကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာက ရေးသားဖေါ်ပြထားပါတယ်။
2014-11-05
အမေရိကန်အစိုးရက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှုလုပ်တဲ့ကိစ္စဟာ သူ့ရဲ့သားဖြစ်သူ ဦးနေအောင် အစုရှယ်ယာထည့်ထားတဲ့ ယူနိုက်တက် အမရဘဏ်နဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ ယူနိုက်တက် အမရာဘဏ်ကို ဗဟိုဘဏ်က ထောက်ခံတာဝန်ယူ ထားတဲ့အတွက် မစိုးရိမ်ကြဖို့ ယူနိုက်တက်အမရာဘဏ်က မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2014-11-05
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းမီဒီယာတွေနဲ့ အစိုးရကြားဖြစ်ပွားနေတဲ့ ပြဿနာတချို့ဟာ ပုဂ္ဂိုလ်စွဲတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကြောင့်လို့ ဝါရင့်သတင်းစာဆရာ ဦးဖိုးသောကြာက သုံးသပ် လိုက်ပါတယ်။
2014-11-05
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံရေးထိပ်သီးခေါင်းဆောင် ၁၄ ဦး တွေ့ဆုံပွဲဟာ နိုင်ငံရေးစိန်ခေါ်မှုတွေကို အမျိုးသား အင်အားစုအားလုံး လက်တွဲဖြေရှင်းဖို့နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ရည်ရွယ်ကျင်းပခဲ့တာဖြစ် တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် ပါတယ်။
2014-11-05
တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNA ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ညီလာခံကို ဒီလအတွင်းမှာ ကျင်းပသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။
2014-11-05
အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို ဒီကနေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့ အနီး ရွှေဝါချောင်းကျေးရွာအနီး လယ်ကွင်းပြင်ထဲမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2014-11-05
မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားရမယ့် အပြောင်းအလဲတွေ အေးအေးဆေးဆေး ဆက်လက်သွားဖို့ဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်သင့်တဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား လိုက်ပါတယ်။
2014-11-05
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေတဲ့ မြန်မာ သံတော်ဆင့် အပတ်စဉ်ထုတ် ဂျာနယ်မှာပါ တဲ့ နိုင်ငံရေးတွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားကောက်နှုတ်ဖော်ပြချက်တွေက နိုင်ငံတော် သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။