သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-10
လွိုင်ကော်မြို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။
2023-12-10
ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၁) နယ်မြေထဲက စစ်ကောင်စီရဲ့ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းနဲ့ အမိန့်ပေးမှုအောက်ကနေ စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့ (KNU) ဗဟိုက တိုက်တွန်းထုတ်ပြန်ပါတယ်။
2023-12-10
ပြည်သူတွေကို လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်မယ့် အခြေအနေ မကြာခင် ဖြစ်လာတော့မယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
2023-12-10
သဘာဝဓာတ်ငွေ့ (CNG) သုံး အငှားယာဉ် (Taxi) တွေကို စက်သုံးဆီမရောင်းဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က ပြောပါတယ်။
2023-12-10
ဝန်းသိုမြို့နယ်ထဲက ကျောက်တိုင်၊ အာမခံ၊ ဇီးဖြူပင်၊ မိဿလင်ကျင်း၊ ကြို့ကုန်း၊ မြိုင်ဇေယျာ၊ ချယားကုန်းနဲ့ ကျောက်စရစ်ကုန်းရွာတွေကို စစ်ကြောင်း၀င်လာတာကြောင့် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-12-10
ပေါက်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ သပြေညိုရေနံမှော်ထဲကို စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
2023-12-10
လွိုင်ကော်မြို့ရဲ့ အဓိကဈေးကြီးဖြစ်တဲ့ သီရိမင်္ဂလာဈေးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
2023-12-10
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာပါ စက်သုံးဆီ လိုသလောက် မရတော့ဘဲ အခြားမြို့ကြီးတွေနည်းတူ အလှည့်ကျ တန်းစီဝယ်နေရပြီး ပြင်ပပေါက်ဈေးမှာ ရေသန့်ဘူးတစ်ဘူး (တစ်လီတာ) ကို ကျပ်ငါးထောင်ကနေ ခြောက်ထောင်အထိ ရှိနေပါတယ်။
2023-12-09
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ မိုင်ပေါင်းထောင်နဲ့ချီဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို အသက်စွန့်ခရီးနှင်ရောက်ရှိလာခဲ့ကြပါတယ်။
2023-12-09
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေမှာ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ခဲ့တဲ့ မုန်း (မူး) မြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ သေဆုံးပြီး အယောက် ငါးဆယ် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
2023-12-09
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်ပါတယ်။
2023-12-09
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ်သုံးသောင်းကျော်အထိ ဖြစ်နေသလို ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း ဆီပြတ်လပ်ပြီး စျေးတက်လာတာကြောင့် အခက်အခဲတွေ ဖြစ်နေပါတယ်။
2023-12-09
အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည်တွေ အရောက်များလာတာဟာ လူကုန်ကူးတဲ့အဖွဲ့တွေ နောက်ကွယ်မှာ စီစဉ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့အကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။
2023-12-09
ရခိုင်ပြည်နယ်၊ သံတွဲနဲ့ အမ်းမြို့မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကို လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတာနဲ့ ဆူပူလှုံ့ဆော်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-09
မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ PDF အဖွဲ့ဝင် ကိုးယောက် သေဆုံးပါတယ်။