သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-05
ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမယ်ဆိုရင် ထောင် ဒဏ် ၆ လကျခံရနိုင်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2014-03-05
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် - ကံပြင်၊ ကျောက်တောင်၊ ငပြီတက် စတဲ့ ကျေးရွာအုပ်စုတွေမှာရှိတဲ့ လယ်ကြားချောင်းတွေကို လယ်သမားတွေကိုယ်တိုင် ထိန်းသိမ်းဖို့ ပြည်နယ်အစိုးရက ခွင့်ပြုထားပြီး ဖြစ်ပေမယ့် လယ်ကြားချောင်း အတော်များများကို ဒီနေ့ အချိန်အထိ ပြန်မရသေးတဲ့အတွက် လယ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2014-03-05
ကယားပြည်နယ် ရှားတောမြို့လယ်ခေါင်က ရှေးဟောင်း- သမိုင်းဝင် စူဠာမုဏိ စေတီတော်ကုန်းကို လွန်ခဲ့တဲ့နှစ် အတော်ကြာကတည်းက စစ်တပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ကာလမှာ ဒေသခံတွေက အဲဒီ အခြေပြုတပ်တွေကို ရွှေ့ပြောင်းစေချင်နေကြပါတယ်။ RFA သတင်းထောက် ကိုနေသွေးက စုစည်းတင်ပြထားပါတယ်။
2014-03-05
"ဂိုဒေါင်တစ်ခုရဲ့ သမိုင်း" လို့ အမည်ပေးထားတဲ့ Performance Art အနုပညာပြပွဲတစ်ခုကို ရန်ကုန်မြို့မှာ ပြသခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-03-05
RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို နေ့စဉ် အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ပေးနေပါတယ်။ အဲဒီလို ထုတ်လွှင့်ဖို့အတွက် ဝါရှင်တန်ဒီစီမြို့တော် ရုံးချုပ်မှာရှိတဲ့ RFA ဝန်ထမ်းတွေ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြချင်ပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြပေးမှာပါ။
2014-03-05
နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးဟာ ဒီနေ့ပြီးစီးသွားပြီ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-03-05
နေပြည်တော်မှာ ဒီလမတ် ၅ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် "အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု" ဆိုတဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် "ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး- နိုင်ငံလုံးဆိုင်ရာကွန်ရက်" NNER ကို ဖိတ်ကြားထားပြီးခါမှ အစိုးရက ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး NNER အဖွဲ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အသောကကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-04
ထိုင်းငါးဖမ်းစက်လှေတွေကို ရောင်းစားခံရတဲ့ မြန်မာအလုပ်သမားတွေ ခေတ်သစ်ငွေဝယ်ကျွန်အဖြစ် လူမဆန်ခိုင်းစေ ငြင်းပမ်းခံနေရတာကို ထိုင်းအစိုးရအနေနဲ့ ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ခြင်းမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မတ်လ ၄ ရက် မနေ့က ပြောကြားလိုက်ပါတယ်။ ဦးခင်မောင်စိုးက တင်ပြပါလိမ့်မယ်။
2014-03-04
ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေနယ်မြေမှာ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ က မောင်းထုတ်လို့ နေထိုင်လုပ်ကိုင်ခွင့်ပျောက်ပြီး အဲဒီတောင်ခြေက ရွှေမြင်တင်ဘုရားစောင်းတန်းမှာ ခေတ္တခိုလှုံနေတဲ့ ကလေး၊ လူကြီး၊ အမျိုးသမီး အယောက် ၄၀ ကျော်ကို မနေ့ညနေ ၅ နာရီလောက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကဖမ်းပြီး ရမည်းသင်းထောင်ကို ပို့လိုက် တယ်လို့သိရပါတယ်။
2014-03-04
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အဖျက်ခံလိုက်ရတဲ့ အင်းမတီး ရွာသားတွေ ခေတ္တခိုလှုံနေတဲ့ ကမ္မဌာန်းဘုန်းကြီးကျောင်း ကို ဒေသခံစစ်တပ်က ပြီးခဲ့တဲ့ရက်က ဝင်ရောက်ဖျက်ဆီး လိုက်တယ်လို့ သိရပါတယ်။
2014-03-04
တိုင်းရင်းသား သတင်းမီဒီယာကွန်ရက် ဖွဲ့စည်းနိုင်ဖို့အတွက် သတင်းမီဒီယာ အဖွဲ့အစည်း ၄၀ ကျော်လောက်က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့စတင်ပြီး ၃ ရက်ကြာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2014-03-04
တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့ အစည်းတွေ ၄၀ ကျော် တက်ရောက်နေတဲ့ တိုင်းရင်းသား သတင်းမီဒီယာညီလာခံကို ဒီနေ့ ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေ ပါတယ်။
2014-03-04
အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ BIMSTEC ဘင်းစတက် ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံတွေရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ၊ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံက အကြီးအကဲတွေ တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။
2014-03-04
ပညာရေးဝန်ကြီးဌာက နေပြည်တော်မှာ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် “အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆွေးနွေးပွဲ” ကို ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားထားခဲ့ပြီးမှ အဲဒီ ဖိတ်ကြားမှုကို မနေ့က ပယ်ဖျက်လိုက်ပါတယ်။
2014-03-04
BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း ကဏ္ဍစုံစီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများအဖွဲ့ရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheik Harsina ဟာ ဒီကနေ့ညနေ ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က တင်ပြထားပါတယ်။