သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-13
အလုပ်သမား ၂၀၀ ကျော် အလုပ်ထုတ်ခံရတာကို ပြေလည်အောင်ဖြေရှင်းပေးဖို့အတွက် ပုလိပ်မြို့ ပန်ဒါ ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေ စုပေါင်းပြီး မန္တလေးတိုင်းအစိုးရ အဖွဲ့ရုံးရှေ့မှာ ဒီနေ့ လာရောက်တောင်းဆိုခဲ့ကြပါတယ်။
2018-09-13
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
2018-09-13
ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR နဲ့ UNDP က တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်မြောက် ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ပထမဆုံးရောက်ရှိနေပြီး လိုအပ်တဲ့ စစ်တမ်းကောက်ယူချက်တွေကို လွတ်လပ်စွာမေးခွင့်ပြုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ RFA ကို ပြောပါတယ်။
2018-09-13
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အခုလ ၁၈ ရက်နေ့ စတင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးဆွေးနွေးမှုတွေ လုပ်ဆောင်လာရင် မြန်မာအစိုးရအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ပြောပါတယ်။
2018-09-13
ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဒီထက်ပိုကောင်းမွန်အောင် ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ တွေးမိတာတွေရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
2018-09-13
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀၀ ကျော်က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို မန္တလေးမြို့ မနောမရမ္မံ အားကစားကွင်းအတွင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2018-09-13
ချင်းပြည်နယ် ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေမှာ ဝ,ဥ စိုက်ပျိုးရေးလုပ်ငန်းဟာ ဒေသခံတိုင်းရင်းသားတွေအတွက် အဓိကဝင်ငွေတစ်ရပ် ဖြစ်လာနေပါတယ်။ ပြည်တွင်းတင်မက ပြည်ပကပါ ဝယ်ယူနေတဲ့ ဝ,ဥကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချချင်ကြပေမယ့် ငွေအရင်းအနှီး လိုအပ်နေတယ်လို့ သိရပါတယ်။
2018-09-13
မြန်မာနိုင်ငံမှာ စစ်အစိုးရ ခေတ်အဆက်ဆက် ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီး အကျဉ်းချ ခံခဲ့ရပြီးနောက် ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အကျဉ်းထောင်တွင်း ဆိုးဝါးတဲ့ ရုပ်ပိုင်းစိတ်ပိုင်း အခြေအနေတွေကြောင့် ရောဂါဘယတွေ ရရှိခဲ့သူ အများအပြား ရှိနေပါတယ်။
2018-09-13
သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာ လေ့လာရေးသိပ္ပံ (ISAS) မှာ အကြီးတန်း ဧည့်သုတေသီ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးရဲထွဋ်နဲ့ RFA တွေ့ဆုံမေးမြန်းချက် ဒုတိယနိဂုံးပိုင်းဖြစ်ပါတယ်။
2018-09-13
ဘင်္ဂလာဒေ့ရ်ှနိုင်ငံ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အမြဲတမ်း လက်ခံထားမှာမဟုတ်ဘူးလို့ ဟနွိုင်းမြို့က ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်စား တက်ရောက်နေတဲ့ အရာရှိ Shahidul Haque က ဗုဒ္ဓဟူးနေ့ မနေ့က ပြောဆိုပါတယ်။
2018-09-13
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဒီလကုန်ပိုင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘူးလို့ သိရ ပါတယ်။
2018-09-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ကြေးသွန်းပန်းပုရုပ်ထုတစ်ခု၊ ပန်းအိုးတစ်ခုနဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ဆီဒိုးနားဟိုတယ်မှာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ လေလံတင် ရောင်းချပါလိမ့်မယ်။
2018-09-12
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အလေးအနက် ထားဖို့လိုကြောင်းနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြသူတွေဟာ မြန်မာပြည်အကြောင်းနဲ့ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ တကယ်သေသေချာချာ သိကြလို့လားလို့ မနေ့က မေးခွန်းထုတ်လိုက်ပါတယ်။
2018-09-12
ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဆူပူပဋိပက္ခတွေနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပညာရှင်တွေ ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မနေ့က သွားရောက်ပြီး ထွက်ပြေး သွားသူတွေ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။
2018-09-12
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အတားအဆီးတွေနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အမြန်ဆုံး တွေ့ဆုံဖို့လိုအပ်နေပြီလို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။