သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-10
အမေရိကန်အစိုးရက မြန်မာနဲ့ အမေရိကန်အကြား ကုန်သွယ်မှုပိတ်ဆို့ထားတာကို ၆ လ ယာယီ ရုပ်သိမ်းလိုက်ကြောင်း ပြီးခဲ့တဲ့နှစ်ရက်လောက် က ကြေညာလိုက်ပါတယ်။
2015-12-10
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်က ဝမ့်ဝစစ်ဘေးဒုက္ခသည်စခန်းနဲ့ မိုင်းရှူးမြို့နယ်က ဟိုက်ပါ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တွေ သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး ငွေကြေး၊ အဝတ်အထည်တွေနဲ့ စားစရာတွေကို လှူဒါန်းခဲ့ပါတယ်။
2015-12-10
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၂ ရုံက အထည်ချုပ် အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ Oxfam နဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်း တွေပူးပေါင်းပြီး သုတေသနပြုလုပ်ထားတဲ့ အစီရင်ခံစာကို ရှင်းပြခဲ့ပါတယ်။
2015-12-10
ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက မြို့အတော်များများမှာ လူ့အခွင့် အရေးကာကွယ်သူတွေ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေက အခမ်းအနားတွေ ကျင်းပကြပါတယ်။
2015-12-09
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်က ဝမ့်ဝ ဒုက္ခသည်စခန်းနဲ့၊ မိုင်းရှူးမြို့နယ်က ဟိုက်ပါ ဒုက္ခ သည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ၈၈ မျိုးဆက်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးခဲ့ ပြီး ငွေကြေး၊ အဝတ်အထည်တွေနဲ့ စားစရာတွေ လှူဒါန်းခဲ့ပါတယ်။
2015-12-09
ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ စိတ်ဓာတ်မြှင့်တင်ဖို့၊ မြေမြုပ်မိုင်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ ရရှိစေဖို့အတွက် ရှမ်းလူငယ်ကွန်ရက်အဖွဲ့တွေနဲ့ ကုလသမဂ္ဂ UNICEF အဖွဲ့တွေ ပူးပေါင်းပြီး ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ပညာပေးဆွေးနွေးခဲ့ပါတယ်။
2015-12-09
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၂ ရုံက အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Oxfam ဆင်းရဲနွမ်းပါးမှုနဲ့ မတရားမှု ဖြေရှင်းပေးရေးအဖွဲ့နဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး သုတေသနပြုလုပ်ထားတဲ့ အစီရင်ခံစာကို ရှင်းပြခဲ့ပါတယ်။
2015-12-09
အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု ပိတ်ဆို့ထားတာကို ၆ လ ယာယီရုပ်သိမ်းလိုက်ကြောင်း ပြီးခဲ့တဲ့နှစ်ရက်လောက်က ကြေညာလိုက်ပါတယ်။အခုလို ရုပ်သိမ်းပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ အချိန်ကာလကို ထပ်တိုးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2015-12-09
ကမ္ဘာလှည့်ခရီးသည်တွေ အရောက်များတဲ့ ပုဂံဒေသမှာ ခရီးသွားတွေ စိတ်ဝင်စားကြတဲ့အထဲမှာ မီးပုံးပျံ စီးပြီး ပုဂံရှုခင်းကို ကြည့်ကြတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မီးပုံးပျံစီးဖို့အတွက် တယောက်ကို အမေရိကန်ဒေါ်လာ ၃၈ဝ နှုန်းနဲ့ ကုမ္ပဏီ ၃ ခုက ဝန်ဆောင်မှု ပေးနေပါတယ်။
2015-12-09
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးပါတီ Viet Tan ခေါင်းဆောင်တွေအပါအဝင် အဖွဲ့ဝင် ၁၄ ဦးဟာ မြန်မာနိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေနဲ့၊ လူ့အခွင့်အရေးအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2015-12-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ဆုံပွဲဟာ တိုင်းပြည်အတွက် အကျိုးရလဒ်ကြီးမားတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
2015-12-09
လာမယ့် အန်အယ်လ်ဒီပါတီ အစိုးရသစ် လက်ထက်မှာ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင် က်မှတ်ရေးထိုးလာမယ်လို့ ယုံကြည်ကြောင်း လက်ရှိအစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
2015-12-09
လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တည်းခိုခန်းခကို တစ်ရက် ကျပ် ၂ထောင်ကနေ ၅ထောင်အထိ တိုးမြှင့်ကောက်ခံမှာဖြစ်သလို ဒီနှစ် ဇန်နဝါရီလကစပြီး တည်းခိုခဲ့တာကို တွက်ချက် ပြီး ပြန်ပေးရမယ်လို့ စည်ပင်ဧည့်ရိပ်သာက စာထုတ်ထား တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက သဘော မတူကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2015-12-09
အစိုးရက အနည်းဆုံးလုပ်ခလစာကျပ် ၃၆၀၀ သတ်မှတ်ပေးထားပေမယ့် တခြား ခံစားခွင့်တွေကို လျော့ချလိုက်တဲ့အတွက် အလုပ်သမားတွေ ဟာ အရင်ထက်ပိုတိုးပြီး လစာတိုးမြင့်ခံစားခွင့်မရ ကြကြောင်း နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Oxfam နဲ့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ပြောပါတယ်။
2015-12-09
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှာရှိတဲ့ Victoria ကုန်တိုက်မှာ အလုပ်သမား ၂ဝဝ ကျော်ကို လုပ်သက် အလိုက် အလုပ်ပိတ်နစ်နာကြေးတွေ ဒီနေ့ ထုတ်ပေးပြီး ကုန်တိုက်ကို ပိတ်လိုက်ပါတယ်။