သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-11
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလ သမဂ္ဂဖံ့ွဖြိုးတိုးတက်ရေး အစီအစဉ် UNDP ရုံးမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ (ယာယီ)က အဖွဲ့ဝင်တွေ၊ ရုပ်သံမီဒီယာနဲ့ ပုံနှိပ် မီဒီယာမှာ လုပ်ကိုင်နေသူတွေနဲ့ တွေ့ဆုံပြီး မြန် မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေတွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2015-01-11
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင် တစ်ချို့ဟာ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
2015-01-11
မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ က မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်မှာ ရှိတဲ့ နိုင်ရွှေကျင်စာကြည့်တိုက်မှာ မွန်ပြည်နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ ပါတယ်။
2015-01-10
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ရက်နေ့ နေပြည်တော် မှာ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာနိုင်ငံတွင်းထွက် သဘာ၀ သယံဇာတ အရင်းအမြစ်တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေးအဖွဲ့က ဗဟို အလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်
2015-01-10
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကို အောင်မြင်အောင်ကျင်းပနိုင်ရေး အတွက် နိုင်ငံ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဒီလ ၁၂ရက်နေ့ နေပြည်တော်က သမ္မတအိမ်တော် မှာ တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်း သားရေးရာဝန်ကြီးတွေကို နိုင်ငံတော်သမ္မတရုံးက ဖိတ်ကြား ထားပါတယ်။
2015-01-10
မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက် ကို အောက်တိုဘာလမှာ စတင် ဖွင့်လှစ် မယ်လို့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်းက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2015-01-10
ရန်ကုန်မြို့ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ မြို့ပြ ဆိုင်ရာ ပြဿနာတွေကို စနစ်တကျ မဖြေ ရှင်းနိုင်ဘူးဆိုရင် နောက်လာမယ့် နှစ် ၅၀ မှာ ဖြေ ရှင်းဖို့ခက်တဲ့ ပြဿနာ ကြီးတွေနဲ့ ကြုံတွေ့ရလိမ့်မယ် လို့ ပြည်တွင်းပညာရှင်အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
2015-01-10
လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာန လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Tom Malinowski နဲ့အဖွဲ့ဟာ ဒီကနေ့ မြန်မာ နိုင်ငံခရီးစဉ် စတင်မှာ ဖြစ်ကြောင်း AP သတင်းကဖေါ်ပြပါတယ်။
2015-01-10
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင် ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-01-10
ဒီနေ့ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မှာ မြစ်ကြီးနားမြို့ နောင့်နမ်းဓမ္မတက္ကသိုလ်မှာ လူဦးရေ ၃ဝဝဝ ကျော်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဒီနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။
2015-01-10
ဗ.က.သ များအဖွဲ့ချုပ်က ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ဖို့ မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ဝတ်ပြုဆုတောင်းခဲ့တဲ့ တမာအရိပ်အမျိုးသမီးအဖွဲ့က မတင်မာရီကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လ ချမှတ် လိုက်တာကို ရှုတ်ချကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။
2015-01-10
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက် ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms. Yanghee Lee ဟာ ဒီကနေ့ ပြည်နယ် ECC ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-10
မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ လက်တစ် ကမ်းအလိုမှာရောက်နေပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် က မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ်မှာ ပြုလုပ်နေတဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
2015-01-10
နိုင်ငံတစ်ခု ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲမွဲတေရတဲ့ အကြောင်းတရားနောက်မှာ ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျခြင်းသာမက အတွေးအခေါ်ပိုင်းဆိုင်ရာ အားနည်းခြင်း လည်း ပါဝင်တာကြောင့် နိုင်ငံသူ နိုင်ငံသားတွေ ဉာဏ်ပညာ အမြော်အမြင် မြင့်မားဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော ပါတယ်။
2015-01-10
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး ပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရဲ့ ဒီနေ့ ကျင်းပခဲ့ပါတယ်။