သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-07
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းမှုကြောင့် ကျေးရွာ ၁၀ ရွာက လူတစ်သောင်း ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2022-02-07
လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြား မှာ အသတ်ခံထားရတဲ့ လူငယ် သုံးယောက်ရဲ့ ရုပ်အလောင်းကို တူးဖော်ရခဲ့တယ်လို့ ပြောပါတယ်။
2022-02-07
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီး စဉ်အတွင်း NLD ပါတီဝင်တွေနဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ ရိုက်တာသတင်း တစ်ပုဒ်မှာ ရေးထားပါတယ်။
2022-02-07
ကလေးမြို့နယ် ဇင်းကလင်းရွာနဲ့ ချင်းဆိုင်ရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရလို့ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။
2022-02-07
ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရသူတစ်ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။
2022-02-06
ထိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တစ်ဦး ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
2022-02-06
စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
2022-02-06
မန္တလေးတိုင်း မြင်းခြံမြို့နယ် အနိမ့်ကျေးရွာမှာ ဖေဖော်ဝါရီ ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအဆင့် အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ Myaung Fighter Defense Force အဖွဲ့က ပြောပါတယ်။
2022-02-06
ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုပါ ဖိတ်ခေါ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာချက် ထုတ်ပါတယ်။
2022-02-06
ဇန်နဝါရီလ ၃၁ ရက်ညပိုင်းက အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု မကွေးတိုင်း မြိုင်မြို့နယ်ဘက်ကနေ မွေ့တုံရွာကို ရောက်ရှိလာပြီးနောက် အဲဒီနေ့ညပိုင်းမှာပဲ အိမ်တွေမီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေ ပြောပါတယ်။
2022-02-06
ချင်းပြည်နယ် မတူပီမြို့ အခြေစိုက် ခမရ ၃ဝ၄ တပ်ရင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ဆန်းလင်းထွေးဆိုသူဟာ လက်နက်အပြည့်အစုံနဲ့ CDF မတူပီတပ်ရင်း ၄ ဆီမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က CDM လုပ်ဖို့အလင်းဝင်လာခဲ့တယ်လို့ CDF မတူပီ တပ်ရင်း ၄ ပြန်ကြားရေး တာဝန်ခံက RFA ကိုပြောပါတယ်။
2022-02-06
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအုပ်ချုပ်ရေးရုံးတွေကို ဒေသတွင်း ခုခံကာကွယ်ရေး တပ်ပေါင်း စုတွေက ဖေဖော်ဝါရီ ၅ ရက် မနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ ကြပြီး နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-06
မန္တလေးတိုင်း တံတားဦးမြို့နယ် မြင်းသည်ရွာနဲ့ စကားတဲရွာကြားမှာ ဖေဖော်ဝါရီ ၅ ရက် မနေ့က မနက် ၇ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောတယ်။
2022-02-06
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကပ်မှော်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေ သုံးရက်တာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-06
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်၊ တေဇာလင်္ကာရကျောင်းဟာ ဖေဖော်ဝါရီ ၅ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လာရောက်ချိတ်ပိတ်တာ ခံခဲ့ရတယ်လို့ မန္တလေး သံဃသမဂ္ဂ အဖွဲ့ဝင် ဆရာတော်တွေက မိန့်ပါတယ်။