သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-08
ပြီးခဲ့တဲ့၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်း ထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးက စတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
2017-06-08
ပျောက်ဆုံးခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်း ၂၉ လောင်းကို ဒီကနေ့မှာ ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။
2017-06-08
နိုင်ငံပိုင်စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ယူရီးယားဓာတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေထံ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုလိုက် ပါတယ်။
2017-06-08
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှ ကိုကိုမောင် တို့ကို အာမခံပေးနိုင်လောက် တဲ့ အချက်အလက် မပြည့်စုံလို့ဆိုပြီး ဗဟန်းမြို့နယ် တရားသူကြီးက အာမခံ ထပ်မံပယ်ချလိုက် ပါတယ်။
2017-06-08
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီးအစပ်မှာရှိတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက တကောင်း နီကယ် စက်ရုံကနေ စွန့်ပစ်တဲ့ မြေစာပုံတွေကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးဖို့ ဒေသခံတောင် သူ ၉ဝ နီးပါးက ဒီကနေ့ဆန္ဒပြ တောင်းဆိုကြပါတယ်။
2017-06-08
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကန့်နီကျေးရွာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက နေထိုင်လာတဲ့ အိမ်အလုံးပေါင်း ၄၀ ကျော်ကို ရွှေလုပ်ငန်းရှင် ၂ ဦးက သူတို့ရဲ့ ရွှေလုပ်ကွက်ထဲမှာပါနေတယ်ဆိုပြီး ဖယ်ရှားပေးဖို့ ဇွန်လ ၇ ရက်နေ့ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးကနေ တဆင့် အကြောင်းကြားလာတယ်လို့ ကျေးရွာသားတစ်ဦး က ပြောပါတယ်။
2017-06-08
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မိုးကောင်း-ကာမိုင်း၊ လဝါး-ကာမိုင်း၊ ကာမိုင်း-ဖားကန့်နဲ့ ဝှေ့ခါ-ဖားကန့် လမ်းတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ် သန်းသွားလာမှုမပြုလုပ်ဖို့ ကချင်လွတ်မြောက်ရေးတပ် မတော် ကေအိုင်အေက ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ သတိပေး စာထုတ်ပြန်လိုက်ပါတယ်။
2017-06-08
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ကျွဲနွားနဲ့ ထွန် ယက်တာတွေ နည်းပါးလာပြီး၊ တရုတ်လုပ် လက် တွန်းထွန်စက်တွေ အသုံးများလာနေပါတယ်။ ဒါပေ မယ့် အဲဒီလက်တွန်းထွန်စက်တွေကို လယ်သ မားတွေ မကြိုက်ကြပါဘူး။
2017-06-08
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဟိန္ဒားသတ္တုမိုင်းက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေနဲ့ နုန်းတွေကြောင့် မိုင်းအောက်ပိုင်းမှာရှိတဲ့ မြောင်းပြိုရွာ အနီးတဝိုက်က ရေတွင်းတချို့မှာ ရေတွေသောက်သုံးဖို့ မသင့်တော့သလို ရွာအနီးက မြောင်းပြိုချောင်းလည်း ပျက်စီးနေပါတယ်။
2017-06-08
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ နန်စီပွန်ကျောက်စိမ်းမှော်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီက ဇွန်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေး ခဲ့ပါတယ်။
2017-06-08
တနိုင်းမြို့ပေါ်ကို တိမ်းရှောင်လာသူတွေထဲမှာ... အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေကြောင့် ရွာအနီးကို လက်နက်ကြီးတွေကျရောက်တဲ့အတွက် ထွက်ပြေးလာသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
2017-06-08
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေမှော်တွေကို အစိုးရတပ်က နယ်မြေရှင်းလင်းတော့မှာမို့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တနိုင်းမြို့ပေါ်ကို ပြောင်းရွှေ့ ခိုလှုံနေကြပါတယ်။
2017-06-08
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ လာမည့် ဇွန်လ ၁ဝ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ နှစ် ဖက် သဘောတူလိုက်ပြီလို့ သိရပါတယ်။
2017-06-07
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ဒုတိယညီလာခံကာလ မှာ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာတဲ့ အသံတခုကတော့ ပြည်ထောင်စုမှ ခွဲထွက်ခွင့်မ ရှိစေရ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီကိစ္စဟာ တိုင်း ရင်းသားအဖွဲ့အစည်းတွေနဲ့ တပ်မတော်အကြား အလွန်အကဲဆတ်တဲ့ကိစ္စရပ်ဖြစ်နေပါတယ်။
2017-06-07
သတင်းသမားတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့အရေးယူခံနေရတဲ့အပေါ် အစိုးရအနေနဲ့ လည်း ဘာမှမှတ်ချက်ပေးပြောဆိုမှု မရှိသလို သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ သတင်းမီဒီ ယာကောင်စီဝင် ဦးမြင့်ကျော်က သုံးသပ်လိုက်ပါ တယ်။