သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-07
ကချင်ပြည်နယ် တနိုင်းမြို့နယ်က တရားမဝင် တူးဖော်နေတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှာဖြစ်တာကြောင့် အဲဒီဒေသတွေမှာ နေထိုင်လုပ်ကိုင်နေကြသူတွေဟာ တနိုင်းမြို့ကို ရွှေ့ပြောင်းလာနေကြပါတယ်။
2017-06-07
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ ဒေသခံတွေနဲ့ မှော်လုပ်သားတွေထဲမှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွာအနီးကို လက်နက်ကြီးတွေ ကျရောက်တာကြောင့် ထွက်ပြေးလာသူတွေလည်း ပါဝင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2017-06-07
ဒီနှစ်မှာ မြန်မာ့စီးပွားရေးဟာပြေးလမ်းကနေ ပျံတက်တော့မယ်လေယဉ်ပျံလိုအဆင်သင့်ဖြစ်နေပြီး တိုးတက်အောင်ကြိုးစားကြတော့မယ်လို့ စီမံဘဏ္ဍာဝန်ကြီးက နေပြည်တော်က စီးပွားရေး ကဏ္ဍဆွေးနွေးပွဲမှာပြောဆိုသွားပါတယ်။
2017-06-07
တရုတ်-မြန်မာ ချစ်ကြည်ရေး အစီအစဉ် အရ တရုတ်အစိုးရက မြန်မာနိုင်ငံမှာ စာသင်ကျောင်းဆောင်သစ်တွေ ဖွင့်လှစ်ပေးနေရာမှာ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့က ရန်ကုန်မြို့ အနောက်မြောက်ပိုင်းမှာ ၁၁ ခု မြောက် ကျောင်းဆောင်သစ် ကို ဖွင့်လှစ်ခဲ့ပါတယ်။
2017-06-07
အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေနဲ့ ရှရှားဖက်ဒရေးရှင်းနိုင်ငံကြား သဘာ ဝဘေး ဒဏ် ကြိုတင်ကာကွယ်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ နိုင်ငံတကာသဘောစာချုပ်မှာ မြန်မာနိုင်ငံ ပါဝင်လက် မှတ်ရေးထိုးရေးကိစ္စကို ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိုက်ပါတယ်။
2017-06-07
ကချင်ပြည်နယ် တနိုင်းဒေသမှာ ကေ အိုင်အေနဲ့ ထိစပ်နေတဲ့နယ်မြေတွေမှာ တရားမဝင်တူးဖော်နေတဲ့ ရွှေနဲ့ ပယင်းမှော်တွေကို တပ်မတော်က နယ်မြေရှင်း လင်းရေးဆောင်ရွက်မှာဖြစ်တာကြောင့် မနေ့ကညနေပိုင်း အထိ အဲဒီဒေသဘက်ကနေ တနိုင်းမြို့ဘက် ထွက်ပြေးလာ သူ ၄၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
2017-06-07
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပိုင် လေယာဉ်တစ်စီးဟာ ဒီနေ့နေ့လည် ၁ နာရီခွဲဝန်းကျင်မှာစတင်ကာ အဆက်အသွယ် ပြတ်တောက် ပြီး ပျောက်ဆုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
2017-06-07
မွန်ပြည်နယ် ရေးမြို့နယ်မှာ အံဒင်ကျောက် မီးသွေးစက်ရုံ တည်ဆောက်ဖို့အ တွက် မြေနေရာတွေ လိုက်လံဝယ်ယူ သူတွေကို ကန့်ကွက်လို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အမှုဖွင့် ခံထားရတဲ့ ဒေသခံ ၂၉ ယောက် ထဲက ၁၃ ယောက်ကို ပုဒ်မ ၃ခုနဲ့ ရေးမြို့နယ် မြို့မရဲစခန်းက ဒီနေ့ တရားစွဲဆိုလိုက်ပါ တယ်။
2017-06-07
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရင်ဂါတီခရိုင် လောင်း ကဒူးဒေသမှာ ဌာနေ သက် ခေါ် သက္ကမ တိုင်းရင်းသားတွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ လူနည်းစုဌာနေ တိုင်းရင်း သားတွေကို အကာအကွယ်ပေးဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက် ပါတယ်။
2017-06-07
ထိုင်းနိုင်ငံက မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ နဲ့ ထဆောင်ရန်းမြို့နယ်တွေမှာ အထောက် အထားမဲ့လုပ်သားနဲ့ ကလေးလုပ်သားတွေ ကို ဒီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ စီမံချက်နဲ့ ဖမ်းဆီး အရေးယူရာမှာ မြန်မာလုပ်သား ၅၀၀ နီးပါးဖမ်းဆီးခံခဲ့ရ တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
2017-06-07
မွန်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွေရဲ့ ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ခန့်အပ်ဖို့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ က ဒီနေ့ မွန်ပြည်နယ် လွှတ်တော်မှာ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
2017-06-06
ပင်လယ်ပျော် ဇီဝဇိုးငှက်တွေရဲ့ အန်ဖတ်နဲ့ ဆောက်လုပ်ထားတဲ့ "ငှက်သိုက်" ဟာ ဆေးဘက်ဝင် တယ်ဆိုပြီး လူအတော်များများက ယုံကြည်ကြတဲ့အတွက် ဈေးကြီးပေး စားသုံးကြတဲ့ အစားအသောက်တမျိုး ဖြစ်ပါတယ်။
2017-06-06
ဝန်ကြီး ဦးကျော်ဝင်းရဲ့ ပြောကြားချက်အပေါ် ဆွေးနွေးပွဲ တက်ရောက်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရဲ့အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။
2017-06-06
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်ဖြစ်လာတာ ၆ နှစ်ပြည့်အဖြစ် "ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ" အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-06-06
သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ ဖျက်သိမ်းပေးဖို့၊ သတင်းမီဒီယာသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားခွင့် ရဖို့နဲ့၊ သတင်းမီဒီယာဥပဒေ ပြင်ဆင်ပေးဖို့အတွက် သတင်းသမားတွေ စုပေါင်းပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကို တိုက်တွန်းဖို့အတွက် သတင်းမီဒီယာသမား ၂၁ ဦးပါဝင်တဲ့ ကော်မတီတရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။