သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-07
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးလိုတဲ့ ပြည် ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စက်တင်ဘာလ ၂၀ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။
2015-09-07
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ Failed Law လှုပ်ရှားမှုမှာ ပြည်သူတွေလည်း ပါဝင်သင့်တယ်လို့ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2015-09-07
ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်မတိုင်ခင် မဲဆွယ် စည်းရုံးတယ်ဆို ပြီး နေပြည်တော်ကနေ တသီး ပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ထံ ဒီနေ့ တိုင်ကြားလိုက်ပါတယ်။
2015-09-07
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်တစ်လျှောက် မှာရှိတဲ့ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း နဲ့ မုံရွာမြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေ မှတ်အထက် ဆက်ပြီးတည်ရှိနေမှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2015-09-07
အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့မနက်က ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့မှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ ပါတယ်။
2015-09-06
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ တိုးမြင့်ထားရာမှာ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေကို အဆင့်မြင့်လုံခြုံရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
2015-09-06
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လူမှောင်ခို ကူးခံရသူ ၂၁၉ ယောက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း လူမှောင်ခို တိုက်ဖျက်ရေးဌာနခွဲက တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။
2015-09-06
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး ချင်းတွင်းမြစ်ရေ တက်လာလို့ ဒီရက်ပိုင်း အတွင်းမှာ မြို့လုံးကျွတ် နီးပါး ရေမြုပ်နေပြီလို့ သိရပါတယ်။
2015-09-06
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေကြ တဲ့ မြန်မာနိုင်ငံက ရေလုပ်သားတစ် ရာကျော်ကို မြန်မာနိုင်ငံ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့က ဒီနေ့မနက်က ပြန်လည်ခေါ်ဆောင် လာပြီဖြစ်ပါတယ်။
2015-09-06
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှာ မြန်မာပြည်အနှံ့က လာရောက် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား တစ်သိန်းကျော်လောက်ဟာ လက်ရှိအခြေအနေအရ မဲပေး ခွင့်ဆုံးရှုံးရနိုင်ကြောင်း ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးပါတီတွေက ပြော ကြပါတယ်။
2015-09-06
လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ် ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း လည်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁ဝ ကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မယ့် လယ်/ ဆည် ညွန်ချုပ်ဟောင်း ဦးကျော်ဝင်းတို့ကို NLD ပါတီ က ဒီကနေ့ ဒက္ခိဏသီရိမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။
2015-09-06
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၇၉×၈ဝ လမ်း ကြား ၃၆ လမ်းမှာ ဒီကနေ့ မနက် ၈ နာရီ ခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၆ လုံး ဆုံးရှုံးသွားခဲ့ပါတယ်။
2015-09-06
ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ဦးကို ငွေကျပ် သိန်း ၃ဝ စီနဲ့ ကိုယ်စား လှယ်လောင်း ၁ဝဝဝ ကျော်ကို ထောက်ပံ့ပေးထားတယ်လို့ ပါတီဗဟိုဌာနချုပ် က ပြောပါတယ်။
2015-09-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာရှိတဲ့ မင်္ဂလာဘုရားဝင်းအတွင်းမှာ ဒေသခံလူထု နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
2015-09-06
တအာန်းပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်နယ်မြေမှာ နိုင်ငံရေး ပါတီတွေက ကိုယ်စား လှယ်လောင်းတွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြောင်း ဒါပေမယ့်လုံခြုံရေးကိုတော့ အာမမခံနိုင်ဘူးလို့လည်း TNLA က ပြောပါတယ်။