သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-11
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် သပိတ်မှောက်တဲ့အနေနဲ့ ကမ္ဘာ့ထိပ်တန်း၊ အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာလှည့်ခရီးသွား လမ်းညွှန်စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတခုဖြစ်တဲ့ Travelfish ကုမ္ပဏီက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက်အလက်အသစ် စုဆောင်းရှာဖွေတာတွေကို ရပ်နားလိုက်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2018-09-11
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရှိတဲ့ တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေလို့ ပြောဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ခဲ့သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ အရေးယူဖို့ နမ့်စန်မြို့နယ် တအာင်း(ပလောင်)စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ခိုလမ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2018-09-11
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေတွေ အလုံးအရင်းနဲ့ စီးဆင်းလာ တာကြောင့် ရွာ ၃ ရွာမှာ ရေကြီးပြီး သွားလာရေးခက်ခဲနေပါတယ်။
2018-09-11
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့နယ်မှာ ဒုရဲမှူး တစ်ဦး လိုက်ပါလာတဲ့ ကားပေါ်ကနေ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်၊ ကျည်ဆံတွေကို ကျောက်မဲမြို့ အိုရီယမ်တယ် တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။
2018-09-11
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
2018-09-11
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အာဆီယံ) ကို မနက်ဖြန် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၃ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။
2018-09-11
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ ပင်လုံအငှားအိမ်ရာစီမံကိန်းက အဆောက်အအုံ ၇ လုံးမှာ နှစ်လုံးက အက်ကွဲကြောင်းတွေ၊ တံခါးတွေ ခိုင်ခံ့မှု မရှိတာတွေနဲ့ ဆေးတွေ ကွာကျနေပြီး အရည်အသွေးအသွေးမမီတာကြောင့် လူနေထိုင်ဖို့ မသင့်ဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။
2018-09-11
အစ္စလာမ်ဘာသာဝင် အမျိုးသားတွေဟာ သူတို့ အမျိုးသမီးကို ကွာရှင်းချင်တယ်ဆိုရင် သွလာက်နှင့် ဟလာလယ်လို့ခေါ်တဲ့ ကွာရှင်းခြင်း စကားလုံးကို ၃ ကြိမ်ပြောလိုက်ယုံနဲ့ ကွာရှင်းလို့ရကြောင်း အစ္စလာမ်ဘာသာရေးအရ ခွင့်ပြုထားပါတယ်။
2018-09-10
အိန္ဒိယနိုင်ငံမှာ ရေပိုင်နက် ကျူးကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာရေလုပ်သား ၁၁ ဦးကို အိန္ဒိယအစိုးရ က မြန်မာနိုင်ငံ ပြန်ပို့လိုက်တဲ့အတွက် ရန်ကုန်လေဆိပ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြပါတယ်။
2018-09-10
အမေရိကန်အခြေစိုက် Faith Coalition အမည်ရှိ ဘာသာရေးအဖွဲ့ကလည်း ရခိုင်ပြည်နယ် ပြဿနာမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ICC နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုရေးအပေါ် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-09-10
ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ တရပ်ကို ထိုင်းရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပါတယ်။
2018-09-10
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
2018-09-10
မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းပေါ်မှာ နေထိုင်သူ မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လုပ်ပြီး ထွက်ပြေးသွားသူတွေ ဖြစ်တဲ့အတွက် သူတို့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီကော်မတီက ရိက္ခာ ထောက်ပံ့တာကို မောင်တောမြို့ခံတွေက ဒီနေ့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
2018-09-10
မြန်မာနိုင်ငံအရေးမှာ အချက်အလက် အထောက်အထားတွေ စုဆောင်းကောက်ယူ ထိန်းသိမ်းဖို့၊ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တရားမျှတမှုရှိရှိ အရေးယူကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့သစ်တဖွဲ့ ထူထောင်ဖွဲ့စည်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘာချလေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-09-10
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အစိုးရက ပြီးခဲ့တဲ့လက ဖွဲ့စည်းခဲ့ပါတယ်။