သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-07
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုပမာဏဟာ ၂ဝ၁၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန UNODC က ထုတ်ပြန်တဲ့ ၂ဝ၁၇ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2017-12-06
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူး လို့ပြောခဲ့တဲ့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို ကော်မရှင်တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံဖို့ ခေါ်ယူထားပါတယ်။
2017-12-06
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို နိုင်ငံပိုင်အဖြစ်သာထားပြီး ပြတိုက်အနေနဲ့သာ ထားရှိစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-12-06
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ် မှုလည်း ကျဆင်းသွားတယ်လို့ UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။
2017-12-06
ထိုင်းအစိုးရက မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်တဲ့ စီမံကိန်းလုပ်နေပြီး၊ ဒီအဆင့်ပြီးရင်တော့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်လုပ်ရမယ့်အဆင့်ကိုသွားဖို့ပြင်နေပါတယ်။ အခြေခံအလုပ်သမားလိုနေပြီး၊ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ အစားထိုးလည်ပတ်နေရတဲ့ ထိုင်းနိုင်ငံက အလုပ်ခွင်ယန္တရားမှာ မြန်မာလုပ်သားတွေ မရှိတော့ရင် အခက်အခဲ ဖြစ်တော့မယ်လို့ ပြောနေကြပါတယ်။
2017-12-06
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အရေးပေါ် အစည်းအဝေးအတွင်း ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မူကြမ်းအပေါ် တုံ့ပြန်ချက်တချို့ကို မသင်းသီရိ က တင်ပြထားပါတယ်။
2017-12-06
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မနေ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်မူကြမ်းမှာ ရခိုင်ပြည်နယ်အတွင်း က ပဋိပက္ခတွေရဲ့ အခြေအနေမှန်ကို သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာရောက်စုံစမ်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူး လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး က ပြောပါတယ်။
2017-12-06
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒီနေ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။
2017-12-06
မဘသ ဦးဆောင်ကော်မတီဝင်တွေပါဝင်မယ့် မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့် ပယ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ စာပေးပို့မေးမြန်းသွားမယ်လို့ ပါတီတည်ထောင်ခွင့် ဦးဆောင်လျှောက် ထားတဲ့ စာရေးဆရာ မောင်သွေးချွန်က ဒီနေ့ ပြောပါတယ်။
2017-12-06
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိ တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကြီးကို ပြည်ပကို မရောင်းချဘဲ နိုင်ငံတော်ကဦးဆောင်ပြီး ပြတိုက်အဖြစ်နဲ့ သာထားရှိစေချင်တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
2017-12-06
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန်က Maisha Myanmar အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရတာကြောင့် အလုပ်သမား ၁၀၀ ကျော်က ဒီနေ့ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။
2017-12-06
ပြီးခဲ့တဲ့ ကချင်ပြည်နယ် အစိုးရလက်ထက်မှာ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ကန့်သတ်နယ်မြေအဖြစ်ကြေညာခဲ့သလို လက်ရှိအစိုးရလက်ထက်မှာလည်း သတ်မှတ်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2017-12-06
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူစေတီကျေးရွာအနီးမှာ လက်လုပ်မိုင်းပြု လုပ်ဖို့ ပြင်ဆင်ထားတဲ့ ကားပီစတင်တွေနဲ့ သံပိုက် အပိုင်းအစ ၁၀၀ နီးပါးလောက် မြေကြီးထဲမှာ သိမ်းဆည်း မြှုပ်နှံထားတာကို တပ်မတော်က မနေ့က သိမ်းဆည်းရမိခဲ့ပါတယ်။
2017-12-06
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရအပ်နှင်းထားတဲ့ တာဝန်တွေ ကို ကျေပွန်အောင် မထမ်းဆောင်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်လို့ဆိုပြီး တာဝန် ကနေ ရပ်စဲပေးဖို့ တိုင်ကြားထားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ်လွှတ်တော် ဥက္ကဌက အဖွဲ့ဝင် ၅ ဦးပါ တဲ့ ကော်မတီတစ်ရပ်ကို မနေ့က ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
2017-12-06
လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်လှုပ်ရှား မှုအဖြစ် ၂ဝ၁၇ ဒီဇင်ဘာလ ၄ ရက်နေ့က တနင်္သာ ရီတိုင်း မြိတ်မြို့ မှာ ဟောပြောပွဲတခု ပြုလုပ်ခဲ့ပါ တယ်။