သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-03
UNSC ရဲ့ ကြေညာချက်မှာ အာဆီယံအထူးသံအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ပြီး မြန်မာနိုင်ငံက ပြဿနာတွေကို အဖြေရှာဖို့၊ ပတ်သက်သူအားလုံးကို တွေ့ဆုံစကားပြောဖို့တွေ ပါဝင်ပါတယ်။
2022-02-03
မကြာခင်ကျင်းပမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖေဖော်ဝါရီလ ၃ ရက် မနေ့က ကြေညာလိုက်ပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ အကောင်အထည်ဖော်တာ နည်းနည်းပဲ တွေ့ရတဲ့အတွက် အခုလိုဆုံးဖြတ်တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ချောင် ဆောင်နရီ (Chum Sounry) က AFP သတင်းဌာနကို ပြောပါတယ်။
2022-02-03
ထိုင်းနိုင်ငံထဲမှာ လေးနှစ်သက်တမ်းကုန်ဆုံးနေတဲ့ နားလည်မှုစာချွန်လွာ(MOU) နဲ့ အလုပ်လုပ်နေသူ ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၂ ခုနှစ်အတွင်း နောက်ထပ် ခြောက်လ သက်တမ်း တိုးပေးလိုက်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2022-02-03
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ "ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း" လှူဒါန်းငွေအဖြစ် အကြောင်းပြ ပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅ သိန်း ၅ သောင်းကို ၂၀၁၉ နဲ့ ၂၀၂၀ နှစ်နှစ်အတွင်း လေးကြိမ်ခွဲပြီး လက်ခံရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ထပ်ပြီး အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။
2022-02-03
“ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။” လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောခဲ့တာပါ။
2022-02-03
မြင်းမူမြို့နယ် ဘဒတ္ထိုင်းရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်လောင်း ငါးလောင်း အပါအဝင် သေဆုံးသူ ရှစ်ဦးရဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။
2022-02-03
တနင်္သာရီမြို့နယ်က CDM စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦးကို ထောင်တွင်းတရားရုံးကနေ ထောင်အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
2022-02-03
ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။
2022-02-03
မင်းကင်းမြို့နယ် ရွာသုံးရွာက နေအိမ် ၁၄၀ ခန့် ဖေဖော်ဝါရီ ၁ ရက်က မီးရှို့ဖျက်ဆီးခံရပြီး လူ ၅၅၀ ကျော် အကူအညီလိုအပ်နေပါတယ်။
2022-02-03
ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ လေတပ်ဗိုလ်မှုးကြီး အောင်မျိုးကျော်ရဲ့ နေအိမ်အနီးမှာ ဖေဖော်ဝါရီလ ၃ ရက်က ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
2022-02-03
ICJ အနေနဲ့ စစ်တပ်ကိုယ်စားလှယ်ကို မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံချေပခွင့်မပေးဖို့နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် NUG ဘက်က ကြိုးစားနေပါတယ်။
2022-02-03
စစ်အာဏာသိမ်း တစ်နှစ်နီးပါး ကာလအတွင်း သေဆုံးသူ ၁,၅၀၀ ကျော်မှာ အမျိုးသမီး ၁၀၀ ကျော် ပါဝင်ပါတယ်။
2022-02-03
ကချင်ပြည်နယ်မှာ သုံးရက်အတွင်း စစ်တပ်စခန်းနဲ့ ရဲကင်းစခန်း ခြောက်ခုကို ကေအိုင်ကေနဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
2022-02-03
ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်လို့ အကောင်အထည်ဖော်တာ နည်းနည်းပဲ တွေ့ရတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောခွင့်ရသူ Chum Sounry က ပြောပါတယ်။
2022-02-03
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က နေအိမ် ၉၄ လုံး ထပ်မံမီးရှို့ခံခဲ့ရပါတယ်။