သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-06
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ မိုးကြိုးပြင်အလယ် ရွာနဲ့ ဆည်တည်းရွာက လယ်မြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလာခတ်ရာ ကနေ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မနေ့က ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
2015-07-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူခဲ့ တာကို သက်ဆိုင်ရာ မြို့နယ်/ရပ်ကျေးကော် မရှင်အဖွဲ့တွေက တားမြစ်ခဲ့တာတွေ ရှိခဲ့တဲ့အတွက် ကန့် ကွက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။
2015-07-06
ကော့ကရိတ်မြို့နယ်အတွင်း အစိုးရ တပ်တွေနဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA တပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီကနေ့မနက်၁၀နာရီခန့်ကစပြီး ညနေပိုင်းအထိ ဆက် တိုက်ဖြစ်ပွားလျက်ရှိတယ်လို့ DKBA တပ်ဖွဲ့ကပြောပါတယ်။
2015-07-06
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ ၊ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဒုတိယ ဝန်ကြီးတွေကို ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးရေးလုပ်ငန်းတွေ မလုပ်ရလို့ ပိတ်ပင်ထား တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေက ဒီကနေ့ အမျိုးသားလွှတ်တေ်ာမှာ ကန့်ကွက် ခဲ့ကြပါတယ်။
2015-07-06
ဖွဲ့စည်းပုံပြင်ရေးနဲ့ လွှတ်တော်တွင်းက တပ်မတော် သားကိုယ်စားလှယ်တွေ နှုတ်ထွက်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ (တကသ) ခေါင်းဆောင် ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်နဲ့ ကိုနန်းလင်း တို့ကို ပန်းပဲတန်းမြို့ နယ်တရားရုံးက တရားမဝင် စီတန်းလှည့်လှည်မှု ဆိုင်ရာ ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)တို့နဲ့ ဖမ်းဝရမ်းထုတ်ပြန်ထား ပါတယ်။
2015-07-06
ကျောက်မီးသွေးသုံးစက်ရုံတွေအတွက် ရှမ်းပြည် နယ်မှာ တူးဖော်တဲ့ ကျောက်မီးသွေးတွေကို တရုတ် နဲ့ ဂျပန်နိုင်ငံလုပ် ၁၁ ဘီး၊ ၂၂ ဘီး ကုန်ကား ကြီးတွေနဲ့ မန္တလေး၊ လားရှိုး စတဲ့နေရာတွေကို ပို့ဆောင်နေတဲ့အတွက် လမ်းတွေ၊ တံတားတွေ ပျက်စီးကုန်ပြီး ဒေသခံတွေ ခရီးသွားလာရေး အခက်အခဲကြုံရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2015-07-05
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့အနေနဲ့ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA မချုပ် ဆိုနိုင်သေးချိန်မှာ ရှိပြီးသဘောတူညီချက် ၃၁ ချက်ကို စွဲကိုင်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-07-05
ရွှေတိဂုံစေတီတော်အနီး တည်ဆောက် မယ့်ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက် သိမ်းပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာထုတ်ပြန်မပေးနိုင် ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တွေ က မိန့်ကြားပါတယ်။
2015-07-05
အစိုးရက သတ်မှတ်ပေးတဲ့ တစ်ရက်အနိမ့် ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် နှုန်းထားကို အလုပ်သမားတွေဘက်က လက်ခံကြောင်း မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ( CTUM ) က ဒီကနေ့ လှိုင်သာယာမြို့နယ် CTUM သင်တန်းကျောင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြော ကြားလိုက်ပါတယ်။
2015-07-05
ဇူလိုင်လ ၂ ရက်နေ့ကစတင် ဖြစ်ပွားနေတဲ့ အစိုး တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ မနေ့က ကော့ကရိတ်မြို့မှာ ဆွေးနွေး ခဲ့ကြပေမယ့် ဒီနေ့ အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ DKBA ကပြောပါတယ်။
2015-07-05
ရန်ကုန်မြို့မြန်မာကွန်ဗန်းရှင်းစင်တာ MCC မှာ ဇူလိုင်၂ ရက် နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအကြိုညီလာခံကို ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ ကရင်လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေတက်ရောက်ခဲ့ကြပါတယ်။
2015-07-05
ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧကပေါင်း သုံးသောင်းလောက်ရှိပြီး အဲဒီအထဲက ဧကတစ်သောင်း နီးပါးလောက်ကို တောင်သူတွေထံ ပြန်လည်ပေးအပ်ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်မှာ လယ်ယာမြေ သိမ်းဆည်းမှုတွေကို မှတ်တမ်းလိုက်လံယူနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။
2015-07-05
ကချင်ပြည်နယ် ဖားကန့်မှာ အခုရက်ပိုင်း အတွင်းမိုးသည်းထန်စွာ ရွာသွန်းနေ တာကြောင့် ဥရုချောင်းရေကြီးလာတဲ့ အတွက် လုံးခင်းကျေးရွာနဲ့ ဖားကန့်မြို့ပေါ် ရပ်ကွက် ၄ ခု မှာ ရေနစ်မြုပ်နေပါတယ်။
2015-07-05
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မြန်မာ အာဏာပိုင်တွေ ပြင်ဆင်လုပ်ကိုင်နေကြတာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံရှိ Burma Democratic Concern အဖွဲ့ ဒါရိုက်တာ ဦးမျိုးထိုက်တန်သိန်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ NLD-LA တောင်ကိုရီးယားဌာနခွဲ ပြန်ကြားရေးအဖွဲ့ ဝင် ဦးရန်နိုင်ထွန်းတို့ ပါဝင်ဆွေးနွေးထားကြ ပါတယ်။
2015-07-05
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လော် ခီးလာ ပြင်ဆင်ချက် ၁၂ ချက်ကို ဆက် လက်ဆွေးနွေးနိုင်ဖို့အတွက် အခုလ တတိ ယပတ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး EAOs’ Senior Delegation အဖွဲ့နဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။