သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-06
တိုင်းရင်းသားပြည်နယ်တွေရဲ့ လွှတ်တော်တွေမှာ NLD ကိုယ်စားလှယ်တွေများများရှိမှ ပြည်ထောင်စု နိုင်ငံရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင် မှာ ဖြစ်ကြောင်းနဲ့ ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင် တာဟာ ဒီမိုကရေစီနိုင်ငံရေးဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
2015-09-06
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်း သားတွေနဲ့ ရဲဝန်ထမ်းတွေရဲ့ မတူညီတဲ့ဘဝတွေနဲ့ အဲ့ဒီလူတန်းစား နှစ်ရပ်အကြားက ဆက်ဆံရေးတွေ ကို တစေ့တစောင်း နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကစီစဉ်တင်ဆက်ထားပါတယ်။
2015-09-05
၇၆ နှစ်မြောက်ကျရောက်တဲ့ ဦးဥတ္တမနေ့ကို အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာ ရခိုင်အမျိုးသားများကြီးမှူးပြီး မနေ့က ကျင်းပ ရာမှာ အခမ်းအနားကို လူ ၄ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
2015-09-05
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ မြန်မာပုလဲ အထည်ချုပ် စက်ရုံက အလုပ်သမား ၁ဝဝဝ နီးပါးလောက်ဟာ တစ်ရက် လုပ်အားခ ကျပ် ၃၆ဝဝ ခံစားခွင့်ရပြီးနောက်မှာ ရှားပါး စရိတ်၊ ထောက်ပံ့ကြေး၊ ရက်မှန်ကြေးတွေကို စက်ရုံက မပေးတော့ဘူးလို့ ဆိုတဲ့အတွက် စက်ရုံထဲမှာ အလုပ်မလုပ်ပဲ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
2015-09-05
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပ မယ့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ် မှာ အောင်မြင်စွာနဲ့ ကျင်းပနိုင်ရေးအတွက် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၃ ခုကို အဆင့်မြင့်လုံခြုံရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ်ထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောပါတယ်။
2015-09-05
ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံရေးပါတီတွေ အားလုံး လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း TNLA အဖွဲ့က ပြောပါတယ်။
2015-09-05
တိုင်းရင်းသားဒေသတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိလာရင် ဒေသခံတွေ အနေနဲ့ သတ္တိရှိရှိနဲ့ လက်မခံ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက် ပါတယ်။
2015-09-05
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စတင်မဲဆွယ်ရမယ့် စက်တင်ဘာလ ၈ ရက် မတိုင်ခင် မဲဆွယ်စည်းရုံးခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံ တိုင်ကြား မယ်လို့ နေပြည်တော် NLD ပါတီ တာဝန်ရှိ သူတွေက ပြော ပါတယ်။
2015-09-05
ကချင်ပြည်နယ် ဝိုင်းမော်မြို့က ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ခေါ်) ကျားခေါင်းပါတီ SNLD ပါတီရုံးခွဲဖွင့်ပွဲအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထား ပါတယ်။
2015-09-05
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့တိုက်တွန်းတဲ့ စာတန်းတွေပါတဲ့ ထီး၊ ယပ်တောင် စတာတွေ အပါအဝင် ကျောင်းသုံး ပရိဘောဂ၊ ဆန်၊ဆီတွေကိုပါ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်က ကျေးရွာအချို့မှာ စက်တင်ဘာလ ၄ ရက်နေ့က ဝေငှခဲ့တယ်လို့ သိရပါတယ်။
2015-09-05
ရွှေပြည်သာမြို့နယ် အလုပ်သမား သပိတ်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကို တောင်ဥက္ကလာပမြို့နယ်တရားမှာ စက်တင်ဘာလ ၄ ရက်နေ့က ရုံးထုတ်ရာမှာ.. တကသ ကျောင်းသားတွေက Failed Law စာတန်းပါ အင်္ကျီတွေကို ဝတ်ဆင်ပြီး မတရားတဲ့ ဥပဒေကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။
2015-09-05
မိုးရွာသွန်းတာများပြီး တောင်ကျချောင်းရေတွေကြောင့် ပျက်စီးသွားတဲ့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်ခရိုင် မတူပီမြို့ပေါ်နဲ့ အနီးအနားပတ်ဝန်းကျင် က ကျေးရွာတွေမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက သွားရောက်ပြီး စက်တင်ဘာလ ၃ ရက်နေ့က ဆန်လှူဒါန်းခဲ့ပါတယ်။
2015-09-04
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-09-04
ရန်ကုန်မြို့တွင်းက အမှိုက်များမှတဆင့် လျှပ်စစ်ထုတ်လုပ်ဖို့ ဂျပန်ကုမ္ပဏီတစ်ခုနှင့် အမေရိကန်ဒေါ်လာ ၁၆ သန်းခွဲ အကုန် အကျခံစက်ရုံဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
2015-09-04
တရုတ်သမ္မတ ရှီဂျင်းပင်က သမ္မတ ဦးသိန်း စိန်နဲ့ မနေ့ကတွေ့ဆုံရာမှာ မြန်မာပြည်နဲ့ တရုတ်ပြည်အကြား ပူးတွဲ စီမံကိန်းတွေကို တိုးချဲ့ဆောင်ရွက်လိုပါကြောင်း နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နယ်စပ်ဒေသ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး ဆိုင်ရာကဏ္ဍတွေကိုလည်း မြှင့်တင် လိုပါကြောင်း ပြောကြားလိုက်ပါတယ်။