သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-04
နိုင်ငံရေးပါတီတွေရဲ့ သဘောထားထုတ်ပြန်ချက်၊ ကြေညာချက်မိတ္တူတွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
2017-11-04
နေပြည်တော်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လူ ၈၀၀ ကျော်ဆံ့တဲ့ အချုပ်ထောင်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုသွားမယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။
2017-11-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ် တဲ့ CNPC ရဲ့ စီးပွားရေးစီမံကိန်းလုပ်ငန်းတွေကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2017-11-04
ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-11-04
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူတာတွြေုပုလုပ်ဖို့ အမေရိကန်လွှတ်တော်မှာ စီစဉ်နေပါတယ်။
2017-11-03
နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၃ နာရီခန့်မှာ မောင်တောမြို့နယ်၊ သရေကုန်ဘောင်ကျေးရွာက ဒေသခံ ၂ ဦးဟာ ရွာအနီးနှစ်မိုင်အကွာအဝေးမှာ သွားရောက်ငါးရှာသွားစဉ် မွတ်စလင် ၃၀ ကျော်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-11-03
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထိုင်းနိုင်ငံ လပ်ဘူရီမြို့က ထိုင်းနိုင်ငံသားတစ်ယောက်အိမ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အိမ်အကူ အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုလို့ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သတ်မှတ်ပြီး အမှုကို ပိတ်သိမ်းခဲ့ပါတယ်။
2017-11-03
ရခိုင်နဲ့ မွတ်စလင်ကြား ချစ်ချစ်ခင်ခင် နေခဲ့ကြဖူးတဲ့ လူငယ်နှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်အောက်လွှတ်တော် မှာ ၂ဝ၁၇ နိုဝင်ဘာလ ၁ ရက်နေ့က ပြသခဲ့ပြီး အဲဒီဒေသ အခြေအနေတွေအကြောင်း ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေက ရှင်းလင်းပြောဆိုခဲ့ပါ တယ်။
2017-11-03
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး Sittwe ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင် ပြသပွဲနဲ့ ဆွေးနွေးပွဲတစ်ခုကို အမေရိကန်အောက်လွှတ်တော်မှာ နိုဝင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။
2017-11-03
အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြောဆိုလှုပ်ရှားနေတဲ့ BROUK ခေါ် ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာ အဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှု စတာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-11-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မနေ့က သွားခဲ့တဲ့ မောင်တောခရီးစဉ်ဟာ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းနိုင်ဖို့ ဘယ်လောက် ထိ ထိရောက်မှုရှိခဲ့သလဲဆိုတဲ့ အမြင်နဲ့ သုံးသပ် ချက်တွေကိုတော့ မသင်းသီရိ စုစည်းတင်ပြထား ပါတယ်။
2017-11-03
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က လယ်သမားအရေး လှုပ်ရှားသူတစ်ဦးကို လူအုပ်စုတစ်စုက နေ့ခင်းကြောင်တောင် အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တာအပြင် ရိုက်နှက်တဲ့ ဗီဒီယိုင်ဖိုင်ကိုလည်း အွန်လိုင်းမှာလွှင့်ခဲ့တဲ့အထိလုပ်ရပ်ဟာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူတွေ အကာအကွယ်မဲ့နေတာကို ပြသတာပဲဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
2017-11-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရေကုန်ဘောင်ကျေးရွာသား ၂ ဦး ငါးရှာပြီးအပြန်မှာ မွတ်စလင်တွေက မနေ့က အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးလုံးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
2017-11-03
မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂိုဒေါင်အတွင်းက ပစ္စည်းတွေကို သယ်ထုတ်ခဲ့တဲ့ မင်းဘူးခရိုင်ထွေအုပ်ရုံးက ဌာနခွဲစာရေးကြီး နှစ်ဦးအပါအဝင် ၄ ဦးကို ခိုးမှုနဲ့ အမှုဖွင့်ထားတယ်လို့ မင်းဘူးမြို့မရဲစခန်းက စခန်းမှူး ကပြောပါတယ်။
2017-11-03
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ သီရိလင်္ကာနိုင်ငံ တမီနာဒူးလ်ကမ်းခြေနားမှာ ဆက်တည်ရှိနေပြီး နောက် ၃ ရက်အတွင်းတော့ မုန်တိုင်းငယ်အဖြစ် မရောက်နိုင်သေးသလို မြန်မာနိုင်ငံကို မထိခိုက်နိုင်ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။