သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-03
အမျိုးသားလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်တဲ့ ၆၆ ( ဃ ) ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ မဲခွဲရာမှာ ရှုပ်ထွးမှုတွေရှိတယ် လို့ ဝေဖန်တာတွေရှိသလို၊ ဝန်ကြီးဌာနက ချပေးလိုက်တဲ့အတိုင်း အတည်ပြုလိုက်တာကို လည်း ပြည်သူ့အသံမပါဘဲ ဆောင်ရွက်လိုက် တာဖြစ်တယ်လို့ သုံးသပ်တာတွေလည်းရှိနေတဲ့ အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေး ရဦးမယ်လို့ သိရပါတယ်။
2017-08-03
မိုးကြီးခဲ့လို့ တစ်ပြည်လုံးအတိုင်းအတာအရ မိုးစပါးစိုက်ဧက ၅သိန်းကျော် ရေနစ်မြှပ်ခဲ့ပြီး ဧက ၈ သောင်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2017-08-03
မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းကို ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့က နေ ရာပြောင်းရွှေ့ပေးဖို့ ညွှန်ကြားစာပေးပို့ခဲ့ပေမယ့် ဖယ်ရှားပေးသွားမှာ မဟုတ်ဘူးလို့ သပိတ်ခေါင်းဆောင်တွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2017-08-03
လွှတ်တော်အတွက် ဝန်ထမ်းခန့််တာနဲ့ လွှတ်တော် တင်ဒါခေါ်တဲ့ ကိစ္စတွေမှာ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ဟာ နီးစပ်သူတွေကို အလုပ်ခန့်တာ တင်ဒါချပေးတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်နယ်လွှတ်တော် ဦးစီးအရာရှိဟောင်းတဦးက မွန်ပြည်နယ်ဝန်ကြီးချုပ် နဲ့ NLD ပါတီကို တိုင်ကြားထားပါတယ်။
2017-08-03
အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီရဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးက ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ ကိုယ်စားလှယ်တွေက ပညာရေး လောကက အကျင့်ပျက် ချစားမှုတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
2017-08-03
ကချင်ပြည်နယ်အတွင်း ရွှေလုပ်ကွက်တွေလုပ်ကိုင်ပြီးစီးလို့ ကျန်ရှိခဲ့တဲ့ ကွင်းပြင်တွေကို ပြုပြင်ပြီး လူလုပ်သစ်တောတွေဖန်တီးပေးဖို့ အစိုးရ ကို တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ ဇူလိုင်လ ၃ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2017-08-03
မကွေးတိုင်းအတွင်းက နှမ်းစိုက်တောင်သူတွေဟာ အခုနှစ်အတွင်း မိုးများတဲ့ အတွက် နှမ်းအထွက်နှုန်းလျော့ကျပြီး စိုက်ပျိုးစရိတ် အရှုံးပေါ်မှာကို စိုးရိမ်နေကြပါတယ်။
2017-08-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးကျေးရွာမှာ ဒီနေ့မနက်ပိုင်းက တောင်ယာကိုသွားတဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာတွေနဲ့တောထဲမှာ သေဆုံးနေပြီး အမျိုးသမီး ၄ ဦးပျောက်ဆုံးနေတယ်လို့ ကနဦးရရှိတဲ့သတင်းတွေအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
2017-08-03
ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ဒေသခံပြည်သူလူထု နစ်နာမှုမရှိစေရေး ပြည်နယ်အစိုးရက စနစ်တကျကြပ်မတ်ဆောင်ရွေက်းပေးဖို့ တိုက်တွန်းကြောင်း ကို ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ် ဦးနော်လီက ကချင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းပါတယ်။
2017-08-03
မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းကို ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့က နေ ရာပြောင်းရွှေ့ပေးဖို့ ညွှန်ကြားစာပေးပို့ခဲ့ပေမယ့် လက်ရှိနေရာမှာ ဆက်လက်နေသွားမှာဖြစ်ပြီး ဖယ်ရှားပေးသွားမှာ မဟုတ်ဘူးလို့ သပိတ်ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။
2017-08-03
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရာသီတုပ်ကွေး H1N1 ပိုးတွေ့ရှိသူ သုံးဦး ထပ်မံတွေ့ရှိထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။
2017-08-03
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ နေရာတွေမှာ အမြန်ဆုံး ကျင်းပခွင့်ရဖို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ NCA အပစ်ရပ် ၈ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။
2017-08-03
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့သစ်စီမံကိန်းအတွင်းပါဝင်ပြီး လျှော်ကြေးမပေးရသေးတဲ့ လယ်ယာမြေ ၅ ဧကကို ကုမ္ပဏီက လာရောက်မြေဖို့စဉ် တားဆီးခဲ့တဲ့ လယ်သမား ၇ ဦးကို အမှုအဟောင်းနဲ့ ဒီနေ့ ထပ်မံဖမ်းဆီးလိုက်ပါတယ်။
2017-08-03
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ကမန်တိုင်းရင်းသားဒုက္ခသည်တွေကို အစိုးရက ရန်ကုန်မြို့ ကို ပြောင်းရွှေ့နေထိုင်ခွင့်ပေးလိုက်ပေမယ့် လက်ရှိမှာ အဲဒီဒုက္ခသည်တွေဟာ နေထိုင် စားသောက်ရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်အဖွဲ့ က ပြောပါတယ်။
2017-08-03
ဇူလိုင်လအတွင်းက မိုးကြီးခဲ့လို့ တစ်ပြည်လုံးမှာ မိုးစပါးစိုက်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၈ သောင်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ကနေ သိရပါတယ်။