သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-04
-ဘာသာပေါင်းစုံက အဖွဲ့ဝင်တွေပါတဲ့ "ကွဲပြားစုံလင်မှုတို့ အလှတရား" အနုပညာပြပွဲကို ရန်ကုန်မြို့က ဘာသာရေး အဆောက်အအုံတွေမှာ ပြသနေပါတယ်။
2015-12-04
မြန်မာနိုင်ငံမှာ လူတဦးချင်းစီ လွတ်လပ်မှုတွေ ရရှိလာတာနဲ့ ပတ်သက်ပြီး အားရကျေနပ်သူတွေ များလာတယ်လို့ နိုင်ငံတကာ စစ်တမ်းကောက်ယူတဲ့ Gallup အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ြ
2015-12-03
မြန်မာ၊ ဟွန်ဒူးရပ်စ်နဲ့ ဟေတီနိုင်ငံတွေဟာ ရာသီဥတုဒဏ် အပြင်းထန်ဆုံးကြုံရတဲ့ ထိပ်ဆုံးနိုင်ငံတွေစာရင်းမှာပါရှိတယ်လို့ ဂျာမနီနိုင်ငံ ဘွန်းမြို့ အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်း ကျင်ရေးရာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Germanwatch က ပြောကြား လိုက်ပါတယ်။
2015-12-03
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ မြန်မာနိုင်ငံမှာ စားနပ် ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ် ဇွန်လအထိ ဆောင်ရွက်သွားနိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာသန်း ၄ဝ ဝန်းကျင် လိုအပ်နေ တယ်လို့ ပြောပါတယ်။
2015-12-03
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အစိုးရစစ်တပ်က အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေပြုမူခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့က တောင်း ဆိုလိုက်ပါတယ်။
2015-12-03
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ၂၀၁၀ ပြည့်နှစ်က စတင်ရရှိခဲ့တဲ့ လွတ်လပ်မှုအခြေအနေဟာ ၂၀၁၄- ၂၀၁၅ မှာ တစတစ နောက်ပြန်လျှောကျဆင်းသွားခဲ့တယ်လို့ အမေရိကန်အခြေစိုက် PEN American Center က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
2015-12-03
ဒီလကစပြီး လာမယ့် မေလအထိ ပူပြင်းတဲ့ အယ်နီညိုဖြစ်နိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
2015-12-03
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တောင်းခံတဲ့ ဖြည့်စွက်ဘဏ္ဍာငွေထဲမှာ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့် အတွက် တစ်လ လစာ ကျပ် ၃ဝ သိန်းနှုန်းနဲ့ ၅ လစာ ကျပ် သိန်း ၁၅ဝ ကို တောင်းခံထားပြီး ပိုလျှံတဲ့အခါ ပြန်လည် အပ်နှံသွားမယ်လို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကံချွန် က ပြောပါတယ်။
2015-12-03
လာမယ့် အစိုးရသစ်နဲ့ လွှတ်တော်ကို စောင့် ကြည့်ဖို့ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတစ်ခု ကို အဖွဲ့ဝင် ၂ဝဝ လောက်နဲ့ ယာယီဖွဲ့စည်း ထားတယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားလှယ်လောင်းက ပြော ပါတယ်။
2015-12-03
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အန်အယ်လ်ဒီကို တိုင်ကြားထားတဲ့အမှုပေါင်း ၁၃ မှု ရှိပြီး အန်အယ်လ်ဒီက တိုင်ကြားမှု ၄ မှု ရှိတယ်လို့ သိရပါတယ်။
2015-12-03
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးမှာ PSLF/TNLA တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရ တပ်မတော်တို့ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2015-12-02
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေ ထဲက ၈ ဦးတို့ဟာ မနေ့က ညပိုင်းက ရန်ကုန်ပြည် သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေကြရပါတယ်။
2015-12-02
မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီလွတ်လပ်မှုတွေ ရရှိလာတာနဲ့ပတ်သက်ပြီး အားရကျေနပ်သူတွေ များလာတယ်လို့ နိုင်ငံတကာစစ်တမ်းကောက်ယူတဲ့ Gallup အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက လေ့လာတွေ့ ရှိချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီအထဲ မှာ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုရလာမယ်လို့ မျှော်လင့်ထားသူတွေ လည်း များတယ်လို့ သိရပါတယ်။
2015-12-02
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအနီးတစ်ဝိုက်မှာ တအန်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2015-12-02
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲကတချို့က ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။