သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-07
ရွှေဘိုမြို့နယ်ထဲကက ရှားတောရွာကို စစ်ကြောင်းဝင်ရောက်စီးနင်းပြီး ဒေသခံ ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
2024-04-07
ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရပ်ကွက်က နေအိမ် သုံးရာကျော်ကို တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားဖို့စီစဉ်နေပါတယ်။
2024-04-07
မင်းပြားမြို့နယ် ငတန်ပျင်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်ဗုံးတစ်လုံးကို ထုခွဲရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သလို တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2024-04-07
ရွှေဘိုမြို့နယ်ထဲက ထုံးဘိုရွာနဲ့ ရွှေကျင်ရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-06
မြဝတီမြို့က စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် KNLA မဟာမိတ်ပူးပေါင်းတပ်တွေက မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို လက်နက်ချဖို့ ညှိုနှိုင်းနေတယ်လို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်က ပြောပါတယ်။
2024-04-06
၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း အကျဉ်းထောင်တွေနဲ့ ထောင်ပြင်ပတွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
2024-04-06
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံ တစ်သောင်းခွဲနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2024-04-06
ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိ၊ တပ်သားနဲ့ မိသားစုတွေအပါအဝင် လူ ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-04-06
မိုးမိတ်မြို့နယ် နမ့်မိတ်ချောင်းနားမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသခံ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ဧပြီလ ၄ ရက်နေ့မှာပြန်တွေ့ခဲ့ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-06
တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့မှာ ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတယ်လို့ မြဝတီတစ်ဖက်ကမ်း၊ ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ဒေသခံတွေက RFA ကိုပြောပါတယ်။
2024-04-06
ရန်ကုန်တိုင်း၊ သန်လျင်၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွေမှာ အသက် ၁၈ နှစ်ကနေ ၂၀ အကြား လူငယ် ၁၃ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2024-04-06
မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ စိန်လုံဗျူဟာကုန်းတပ်စခန်း တိုက်ခိုက်ခံရချိန် ထွက်ပြေးသွားတဲ့အထဲက ဗျူဟာမှူးအပါအဝင် ၁၆ ဦးကို ဖမ်းမိခဲ့တယ်လို့ (KIA) က ပြောပါတယ်။
2024-04-06
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွက် ဒေါ်လာသန်း ၉၉၀ တောင်းခံထားပေမယ့် လေးရာခိုင်နှုန်းသာ ရရှိသေးပါတယ်။
2024-04-06
အာဆီယံ - နယူးဇီလန် အစည်းဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုဖို့ အရပ်ဘက်အဖွဲ့အစည်း လေးရာကျော်က တောင်းဆိုလိုက်ပါတယ်။
2024-04-05
ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီလ ၅ ရက်မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။