သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-04
နေပြည်တော်က စစ်ရုံးချုပ် (ကက-ကြည်း) နဲ့ အေလာလေတပ်နေရာတွေကို ဒရုန်းတွေတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပါတယ်။
2024-04-04
ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေရဲ့အဆိုအရ မီးလောင်နေတဲ့အချိန်မှာ မီးသတ်ကားတွေကို ဝင်လို့မရအောင် ခရုံဂူနှင့် တရနာရွာတွေမှာ စစ်ကောင်စီတပ်က တားမြစ်ထားလို့ ဆုံးရှုံးမှု ပိုများခဲ့တာလို့ သိရပါတယ်။
2024-04-04
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးအနီးက စစ်တပ်ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2024-04-04
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ မတ်လ ၃၀ ရက်နေ့ကစပြီး စစ်မှုထမ်းခိုင်းဖို့အတွက် ဖိအားပေးလုပ်ဆောင်တာတွေရှိနေလို့ ဧပြီလ ၄ ရက်နေ့အထိ လူငယ် နှစ်ရာခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-04
ပုဂံမြို့ဟောင်းနဲ့ ပုဂံမြို့သစ်ကြားထဲက ယွန်းလက်မှုပညာရပ်တွေနဲ့ နာမည်ကြီးတဲ့ မြင်းကပါရွာက အသက် ၆ဝ အရွယ် ယွန်းအတတ်ပညာရှင် ဦးသိန်းနိုင်ပါ။
2024-04-04
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်အပါအဝင် ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းကြီး ငါးခုကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-04-04
တေးသီချင်းဗီဒီယိုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရိုက်ကူးထုတ်လွှင့်ပြသမှုတွေမှာ ဆင်ဆာမူဝါဒတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
2024-04-04
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦးကို မကွေးတိုင်းအတွင်းမှာ ဖမ်းမိခဲ့ပါတယ်။
2024-04-04
ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံလိုက်ရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများအရေး အကူအညီပေးနေသူတွေက ဧပြီ ၄ ရက်နေ့မှာ ပြောပါတယ်။
2024-04-04
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲက တောရိုင်းတိရစ္ဆာန်ဥယျာဉ် တစ်ခုဖြစ်တဲ့ လှော်ကားဥယျာဉ်က တိရစ္ဆာန်လေးတွေကို ဧပြီလ ၂ ရက်နေ့က မြင်တွေ့ရတာပါ။
2024-04-03
၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦးရှိခဲ့ပြီး အဲဒီအထဲမှာ သေဆုံးသူ ကလေးအရေအတွက် ၅၉ ဦးအထိ ရှိနေပါတယ်။
2024-04-03
ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုမှာ ရိုက်နှက်ခံထားရတဲ့ အကျဉ်းသား ၁၈ ဦးကို ထောင်စည်းကမ်း ဥပဒေ -၂၂၄ အရ ထပ်တိုးပြစ်ဒဏ် ထောင်ခြောက်လစီ ချမှတ်ခဲ့တယ်လို့ (PPNM) က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-04-03
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ လာရောက်ပြီး ပေါင် ငါးရာဗုံးအပါအဝင် ဗုံး ဆယ်လုံး ကြဲချခဲ့လို့ လူနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-04-03
ထိုင်ဝမ်မှာ ဧပြီလ ၃ ရက်နေ့ မနက်က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခဲ့လို့ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး လူပေါင်း ၉၅၀ နီးပါး ထိခိုက်ဒဏ်ရာရသွားပါတယ်။
2024-04-03
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရွာကြီးရင် လူသုံးဆယ်၊ ရွာငယ်ရင် လူနှစ်ဆယ်နဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာအများစုကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။