သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-28
TGYR ယာယီစခန်းကို စစ်ကောင်စီတပ်တွေစီးနင်းခဲ့လို့ လက်နက်ကျည်အပါအဝင် သိန်း ၁၅၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
2023-05-28
ချောင်းဦးမြို့နယ် ကံမရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းနှစ်ခုကို မေလ ၂၈ ရက် ဒီနေ့မနက်မှာ တွေ့ခဲ့ရပါတယ်။
2023-05-28
ဆားလင်းကြီးမြို့နယ်၊ တရုတ်ကြေးနီစီမံကိန်းရဲ့ ဂိတ်ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
2023-05-27
စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ လွတ်လပ်စွာပြောဆိုခွင့် အဆိုးဆုံးအခြေအနေမှာရောက်နေပြီး ပြည်သူတွေကို လုံးဝမဝေဖန်ရဲအောင် လုပ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက ပြောပါတယ်။
2023-05-27
စစ်ကောင်စီ လက်အောက်ခံ အမှတ် ၅၈၃ ခြေမြန်တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ ဒရုန်းဗုံး သီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ YSTF တာဝန်ရှိသူက ပြောပါတယ်။
2023-05-27
ချောင်းဦးမြို့နယ် ကံမရွာကို စစ်ကောင်စီ တပ်က မီးရှို့ပြီး ပြည်သူ ၆၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကံမရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။
2023-05-27
မေလ ၂၆ ရက် ၁၁ နာရီဝန်းကျင်မှာ မင်းပြင်ရွာထဲကို လက်နက်ကြီးကျည်ကျပေါက်ကွဲခဲ့ပြီး ကြက်ခြံထဲမှာရှိနေတဲ့ သားအမိနှစ်ယောက်ထိပြီး သေသွားတယ်လို့ ပုလောကာကွယ်ရေးတပ်ဖွဲ့က ဆရာစံက ပြေပါတယ်။
2023-05-27
ပဋိပက္ခဖြစ်ပွားရာဒေသတွေထဲက မုန်တိုင်းသင့်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် မြေမြှုပ်မိုင်းတွေ ရွေ့လျားတဲ့ အန္တရာယ်ပိုများလာတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ်က ထောက်ပြပါတယ်။
2023-05-27
နှစ်လအတွင်း စစ်ကောင်စီ စစ်စခန်း သုံးခုနဲ့ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီ အရာရှိနဲ့ တပ်သားတွေ အပါအဝင် ၁၁၄ ဦး သေဆုံးကာ၊ ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
2023-05-27
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ဆင်းရဲနွမ်းပါးသူတွေကို ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့ (Team KG) က နံနက်စာအာဟာရ လှူဒါန်းခဲ့ပါတယ်။
2023-05-27
စဉ့်ကူးမြို့နယ် သဲအင်းတိုက်နယ်ထဲကရွာ ၁၁ ရွာမှာ နေထိုင်တဲ့ ဒေသခံ တစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။
2023-05-27
ရေစကြို၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတ မီးရှို့တာကြောင့် ရွာကိုးရွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
2023-05-27
ဘုတလင်မြို့၊ NLD ပါတီရုံးကို စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းတွေ လာရောက်ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။
2023-05-27
ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ အုပ်ချုပ်ရေးအရာရှိ နှစ်ဦးကို ကျောက်စိမ်းတွေနဲ့အတူ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပါတယ်။
2023-05-27
အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။