သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-26
၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2020-08-26
တစ်နိုင်ငံလုံးမှာ လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်ကျောင်းတွေအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။
2020-08-26
ကချင်ပြည်နယ်က ဒုက္ခသည်စခန်း ၈၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်း သုံးထောင်ကျော် လာမယ့်ရွေးကောက်မှာ မဲပေးပိုင်ခွင့်ရအောင် ဆောင်ရွက်ထားတယ် လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2020-08-25
ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ အယောက် ၇၀ ကို ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက် သြဂုတ် ၂၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
2020-08-25
ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေး လုပ်ဆောင်ရာမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ တင်းကျပ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လျော့ကျလာပါတယ်။
2020-08-25
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ လူနေထိုင်ခွင့်မရှိတဲ့ စိုက်ပျိုးမြေကို အကွက်ရိုက်ရောင်းချနေတဲ့ စျေးကွက်ရှိနေပါတယ်။ လယ်ယာမြေတွေကို တရားမဝင်နည်းနဲ့ ရောင်းသူ၊ ဝယ်သူ အားလုံးကို ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။
2020-08-25
မြန်မာပြည်သူတွေအကြားမှာ အင်မတန်ထိလွယ်ရှလွယ်တဲ့ ကိစ္စတခုကတော့ လက်ရှိရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းဖြစ်ပါတယ်။ ဒီရက်ပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတချို့ကြောင့် ဒီစီမံကိန်းကို ပြန်လည် စတင်တော့မှာလားဆိုပြီး ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
2020-08-25
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်တာကြောင့် ရေဘေးဒုက္ခသည်စခန်း ခုနှစ်ခု ဖွင့်ထားရပြီး လူဦးရေ ၂၁၀၀ ကျော် ခိုလှုံနေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။
2020-08-25
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့်သူ တစ်ထောင်ထက်ကျော်ရင် အဆိုင်းခွဲပြီး ဆန္ဒမဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေပါတယ်။
2020-08-25
သမ္မတ အထူးရန်ပုံငွေနဲ့ ထည်ထောင်ထားတဲ့ လူမှုကွန်ရက်စောင့်ကြည့် ထိန်းကျောင်းရေးအဖွဲ့ SMMT ဟာ အစိုးရဘက်ကိုလိုက်ပြီး လူမှုကွန်ရက် အသုံးပြုတဲ့သူတွေအကြား ခွဲခြားဆက်ဆံနေတာကြောင့် ထိန်းကျောင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသောင်းအေးရဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံလိုက်ပြီး၊ ဆက်လက် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2020-08-25
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေလူနာ တစ်နေ့တခြားပိုတိုးလာရာမှာ အင်တာနက် ဆက်သွယ်ရေး ပိတ်ပင်ထားတဲ့ဒေသတွေမှာပါ ကူးစက်မှုရှိလာတာကြောင့် ထိထိရောက်ရောက် ကာကွယ် တားဆီးနိုင်ပါ့မလားလို့ အများက စိုးရိမ်နေကြပါတယ်။
2020-08-25
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာကို ကာကွယ်နိုင်အောင် ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေကို အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း တွေက ဒီနေ့ ဩဂုတ် ၂၅ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2020-08-25
လူစုလူဝေးဖြစ်စေခဲ့တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပေးဖို့ တိုင်ကြားချက်ဟာ ရဲအရေးပိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် အရေးယူဆောင်ရွက်လို့မရကြောင်း ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက တိုင်ကြားသူကို ခေါ်ယူရှင်းပြလိုက်ပါတယ်။
2020-08-25
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန် ကုန်စည်စီးဆင်းမှုပါ ပြတ်တောက်နေတဲ့အကြောင်း ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ စာရေးတင်ခဲ့တဲ့ စစ်တွေမြို့ခံ ဦးစိုးနိုင်ကို စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) နဲ့ အမှုဖွင့်ထားကြောင့် အမှုဖွင့်ခံရတဲ့ ဦးစိုးနိုင်က RFA ကို ဒီနေ့ပြောပါတယ်။
2020-08-25
နိုင်ငံရေး သိပ္ပံဘွဲ့နဲ့ ပြည်သူ့ရေးရာ မူဝါဒဘွဲ့တွေ ရရှိထားတဲ့ ဦးနေယံဦးဟာ နဂိုက နိုင်ငံရေးပညာရှင်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားသူပါ။