သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-27
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းပြောပါတယ်။
2011-09-27
အောက်တိုဘာလ (၅) ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ထိုင်းဝန်ကြီးချုပ် မစ္စယင်းလတ်ဟာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
2011-09-27
ဒီမိုကရေစီ ရရရှိရေးအတွက် ဆုပ်ကိုင်ထားတဲ့ မူတွေအပေါ်မှာ ရပ်တည်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2011-09-27
နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က ဒီနေ့မှာလည်း ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က တနင်္လာနံထောင့်မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2011-09-27
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် ကုလသမဂ္ဂ အနေနဲ့ ပါဝင်ဖြေရှင်းပေးဖို့ တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံ KIO အဖွဲ့ က ပေးပို့တဲ့ စာမှာ ဖော်ပြထား ပါတယ်။
2011-09-26
မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးနိုင်ရေး အတွက် အမေရိကန် အစိုးရ အနေနဲ့ ဦးဆောင်ဖို့အမေရိကန် နိုင်ငံသား တစ်သောင်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
2011-09-26
မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့တို့ဟာ ဒီကနေ့ အင်ဒိုးနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
2011-09-26
ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လာရောက် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
2011-09-26
ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်း မြန်မာနယ်စပ် မဲဆောက်နဲ့ အုန်းပျန့် ဒုက္ခသည်စခန်းမှာ ကျင်းပခဲ့ပါတယ်။
2011-09-26
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ကုသိုလ်ပြုပွဲနဲ့ ချီတက်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-09-25
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က စတင် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း တစ်သိန်းကျော် ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
2011-09-25
မနေ့ညဦးပိုင်းက တရုပ် မြန်မာနယ်စပ် အနီးရှိ နံဖတ်ကာမြို့ အခြေစိုက် မြန်မာ အစိုးရတပ် ခလရ (၁၂၃) ကို KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်တယ်လို့ သိရပါတယ်။
2011-09-25
လာမယ့် စက်တင်ဘာလ (၂၇) ရက်နေ့မှာ ကျရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခြင်း (၂၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို မြန်မာပြည် တလွှားမှာရှိတဲ့ ပါတီရုံးတွေမှာ ခမ်းခမ်းနားနား ကျင်းပသွားမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
2011-09-25
သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ အဖြစ် လူထုက ယုံကြည် လက်ခံစေချင်တယ်ဆိုရင် ဖမ်းဆီးထားတဲ့ သံဃာတော်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဦးစွာ လွှတ်ပေးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အခါသမယမှာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။
2011-09-25
ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ KIO တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်က ထိုးစစ် စတင်လာတဲ့ အတွက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နယ်က ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။