သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-20
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် Horizon Lake View Hotel မှာ နိုဝင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့၊ နှစ်ရက်တာကျင်းပခဲ့ပြီး နှစ်ဖက်တပ်တွေ လိုက်နာရမယ့်အချက်တွေကို အပြီးသတ် ချမှတ်နိုင်ခဲ့ပါတယ်။
2015-11-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ငလပွေ့ကျေးရွာက ချောင်းကမ်းပါးမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက မြေနေရာတွေယူပြီး အဆောက်အဦးတွေ ဆောက်လုပ်နေတာကြောင့် ဒေသခံ ငါးဖမ်းလုပ်ငန်းသမားတွေရဲ့ လှေတွေထားဖို့ အခက်အခဲရှိနေပါတယ်။
2015-11-20
ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်နေကြတဲ့ ရှမ်းတိုင်းရင်းသားလူငယ်တွေဟာ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာတဝိုက်မှာ အလှူငွေ ကောက်ခံနေကြပါတယ်။
2015-11-20
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောလိုက်ပါတယ်။
2015-11-20
ရခိုင်ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အကြမ်းဖက်သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တွေမြို့ အဝင်အထွက်ကို လုံခြုံရေး တင်းကြပ်ထားပါတယ်။
2015-11-20
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့နယ်ကြားက မြို့ကွင်းရထားတံတားဟာ နှစ်ပေါင်းတရာကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
2015-11-19
မြန်မာနိုင်ငံက လေဆိပ်ဝန်ထမ်းတွေ ကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ဂျပန်နိုင်ငံက ANA လေကြောင်း ကုမ္ပဏီက ခေါ်ယူ သင်တန်းပေးဖို့ စီစဉ်နေပါတယ်။
2015-11-19
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ် သံရုံးရှေ့ ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်မြတ်နုခိုင်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှာ ဒီနေ့ ရုံးထုတ်ပြီး တရားလိုဘက်က သက်သေ ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
2015-11-19
ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ အကြမ်းဖက်သမားတွေနဲ့ ဖောက်ခွဲရေး လက်နက်ခဲယမ်းတွေ ဝင်ရောက် လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် လူဝင်လူထွက်ဂိတ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီး မြို့အဝင်အထွက် မော်တော် ယာဉ်တွေကို ဒီနေ့ကစပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
2015-11-19
ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှား မှုကြောင့် ဖမ်းဆီးခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး၊ ပုဒ်မ (၁၈) တစ်ခုထပ်တိုးလိုက်သလို၊ သပိတ်ကာလက ရန်ကုန် တက္ကသိုလ်ဂိတ် တံခါးကျော်ဝင်ခဲ့တဲ့ ကိစ္စကိုလည်း တရား စွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2015-11-19
ကချင်ပြည်နယ် မိုးညင်းမြို့ အရှေ့ဘက် က တောင်ကြောတွေမှာရှိနေတဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်တွေကို မြန်မာ အစိုးရတပ်တွေက ဒီကနေ့မနက်မှာ လက်နက်ကြီး ကျည်ပေါင်း ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရ ပါတယ်။
2015-11-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာသံတမန် ကိုယ်စားလှယ် ၆၁ ဦးနဲ့ ဒီကနေ့ နေပြည်တော်က တရား ဥပဒေစိုးမိုးရေးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2015-11-19
နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပြည်သူတွေ ရဲ့ ဆန္ဒအတိုင်း တည်ငြိမ်အေးချမ်းစွာ စနစ်တကျအကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-11-19
ရွေးကောက်ပွဲရလဒ်တွေ အရ ပြည်ထောင်စု လွှတ်တော်အသစ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေက အများဆုံး ဖြစ်ပေ မယ့် ဖွဲ့စည်းပုံအရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ % ကလည်း ရှိနေပါတယ်။
2015-11-19
ပြည်တွင်းပြည်ပ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကို ဒီကနေ့ ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။