သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-19
ကျောက်မျက် တရားမဝင် တူးဖော်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ်မှာ ဒကာဒကာမတွေက ကထိန်သင်္ကန်း ကပ်လှူခဲ့ကြပါတယ်။
2015-11-19
-ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ်-၅ မှာ ပါဝင်တဲ့ ကွတ်ခိုင်၊ မူဆယ်နဲ့၊ နမ့်ခမ်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၃ ခုရဲ့ မဲရုံ ၆ ရုံက မဲတွေကို ရေတွက်ဖို့ ကျန်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီမဲဆန္ဒနယ်မှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ ဒီကနေ့ လားရှိုးမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
2015-11-19
ရှမ်းပြည်နယ်မှာ အစိုးရတပ်နဲ့ SSPP/SSA တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ကို ကူညီဖို့အတွက် အဆိုတော်တွေ၊ အရပ်ဘက်အဖွဲ့အစည်းက လူငယ်တွေ ပူးပေါင်းပြီး တောင်ကြီးမြို့မှာ ရန်ပုံငွေ ကောက်ခံနေကြပါတယ်။
2015-11-19
ရခိုင်ပြည်နယ် တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေဟာ ရခိုင်အမျိုးသား ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ရွေးကောက်ပွဲအနိုင်ရဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
2015-11-18
အင်တာနက်လူမှုကွန်ရက် Facebook စာမျက်နှာမှာ သမ္မတဦးသိန်းစိန်ကို ထိခိုက်တဲ့ကဗျာတပုဒ် ရေးသားဖော်ပြခဲ့တဲ့အတွက် ဆယ်သွယ်ရေးဥပဒေနဲ့ တရားစွဲခံနေရတဲ့ ကဗျာဆရာ မောင်ဆောင်းခကို ရွှေပြည်သာတရားရုံးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပထမအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2015-11-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ နေပြည်တော် ပြည်သူ့ လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2015-11-18
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားခဲ့ပါတယ်။
2015-11-18
ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရသစ်ဖြစ်လာမယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဖို့အတွက် ဝန်းရံသွားမယ်လို့ ရခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အဖွဲ့သုံးဖွဲ့ တို့က ဒီကနေ့ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2015-11-18
မြန်မာနိုင်ငံမှာ လူမျိုးရေးဘာသာရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖေါက် မှုတွေ ထင်ထင်ရှားရှားရှိခဲ့ပေမယ့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ အမှုမှန်ပေါက်ရေး အတွက် ကြိုးစားဆောင်ရွက်ခဲ့တာ မရှိဘူးလို့ လူ့အခွင့်အရေး လေ့ လာစောင့်ကြည့်ရေးအဖွဲ့တွေက ဒီကနေ့ ပြောလိုက်ပါတယ်။
2015-11-18
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်ရှိလွှတ်တော်အစည်းအဝေးမှာ တင်သွင်းသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2015-11-18
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးရွာ ၁၁ ရွာမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြတောင်း ဆိုခဲ့ကြတဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး အဖွဲ့ဝင် ၄ ဦးနဲ့ လယ်သမား ၇ ဦး စုစုပေါင်း ၁၁ ဦးကို တရားမဝင်စီတန်းလှည့်လည်မှုနဲ့ ဘားအံမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။
2015-11-18
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစ လို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သမ္မတဦးသိန်းစိန် က နိုဝင်ဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက် ပါတယ်။
2015-11-18
ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီး နိုင်ငံ့အာဏာကို လွှဲပြောင်းရယူချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီး ချစ်ကြည်စွာ အတူ ယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်လက် ကျင့်သုံးသွားမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အထူးအလေးပေးသွား မှာဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောကြား လိုက်ပါတယ်။
2015-11-18
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော် Horizon Lake View hotel မှာ ဒီကနေ့ နိုဝင်ဘာ (၁၇) ရက်နေ့ကစလို့ (၂) ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
2015-11-18
လက်ရှိအစိုးရသက်တမ်းအတွင်း နောက်ဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော်ဟာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လွှတ်တော် အသစ်ကို လွဲှပြောင်းပေးရမှာဖြစ်ပါတယ်။