သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ RFA ကို အင်္ဂါနေ့ညက ပြောကြားလိုက်ပါတယ်။
2017-11-14
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသက ကျေးရွာ ၉ရွာလောက် မှာ စေတနာ့ဝန်ထမ်းလူငယ် ၄၀ ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စတင်ပေးနေပါတယ်။
2017-11-14
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုတွေ ရပ်တန့်ပေးဖို့နဲ့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်သူ လူဦးရေ ၆သိန်းကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2017-11-14
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို လေ့လာကြည့်ရှုစစ်ဆေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2017-11-14
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာအကူအညီတွေ ပေးပို့နိုင်ခြင်း မရှိသေးဘူးလို့ ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ဒီနေ့ ပြောပါတယ်။
2017-11-14
နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ရာထူးတိုးမူဝါဒ အစည်းအဝေးကို တက္ကသိုလ်ဆရာ ဆရာမများအသင်း UTA က ကန့်ကွက်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-14
မြန်မာနိုင်ငံက စာပေပညာရှင်တွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး လာမယ့် ဒီဇင်ဘာလအတွင်း စာပေညီလာခံ ကျင်းပသွားမယ်လို့ ညီလာခံကျင်းပရေး ဗဟိုကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ကန့်ကွက်ကြောင်း နိုင်ငံရေး ပါတီ ၂၇ပါတီက ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပြီး နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က ဒီနေ့ ပြောပါတယ်။
2017-11-14
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က မြန်မာကျပ်ငွေ ၁၈၀ ဘီလီယံခန့်ရှိတဲ့ ဂျပန်ယန်းငွေ ၁၅ ဘီလီယံကျော်ကို နှစ် ၄၀ စီမံကိန်းနဲ့ တောင်သူတွေကို ထုတ်ချေးဖို့ စီစဉ်ထားပါတယ်။
2017-11-14
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံ ထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ကို အာမခံပေးပေမယ့် ပုဒ်မ ၅၀၅ (ခ) အမှုကို အာမခံ မပေးခဲ့ဘူးလို့ ဦးပါမောက္ခရဲ့ မိသားစုဝင် ဦးအောင်မြိုင် က ပြောပါတယ်။
2017-11-14
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ဝ ရက်က ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်မြို့က တပ်မတော်-ကြည်း လေ့ကျင့်ရေး ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ တရားပွဲမှာ “တပ်နဲ့သံဃာ၊ ပြည်သူနဲ့အစိုးရ ညီညွတ်ရမယ်” ဆိုတဲ့ တရားတော်ကို သီတဂူဆရာတော် ရှင်ဉာဏိဿရ က ဟောကြားခဲ့ပါတယ်။
2017-11-13
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွေ အနေနဲ့ အာရှဖလားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ စတဲ့ပွဲတွေမှာ အောင်မြင်မှုမရဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နေပါပြီ။
2017-11-13
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်က ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုခဲ့ ပြီးနောက် ၄ နှစ်လောက်အကြာမှာ အကြောင်း အမျိုးမျိုးကြောင့် ဆက်မထုတ်တော့ဘဲ ရပ်နား လိုက်တဲ့ သတင်းစာစောင်ရေ များပြားလာနေ ပါတယ်။
2017-11-13
မြန်မာ့ရုပ်သေးလောကမှာ ရုပ်သေးပညာရှင်တွေ မျိုးဆက်သစ်တွေ ရှားပါးလာသလို၊ ရုပ်သေး ကပြတာကိုလည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဖျော်ဖြေတဲ့နေရာမှာသာ အများဆုံး တွေ့မြင်ရပါတယ်။
2017-11-13
ကေအိုင်အေနဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်း က နေရပ် စွန့်ခွာထွက်ပြေးနေကြသူတွေ နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရာမှာ အစိုးရနဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေ ပါဝင်ဆောင်ရွက်မှု အားနည်းနေ တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။