သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-26
အိန္ဒိယ-မြန်မာ ဆက်သွယ်မယ့် ကုလား တန်မြစ်ကြောင်းစီမံကိန်းမှာအသုံးပြုဖို့ အိန္ဒိယအစိုးရရဲ့ ကုန်ကျငွေနဲ့ တည်ဆောက်ထားတဲ့ တန် ၃ဝဝ ဆန့် ကုန်တင်ရေယာဉ် ၆ စီးကို မြန်မာအစိုးရကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လိုက်ပါတယ်။
2017-06-26
၂ဝ၁၂ ခုနှစ်ကနေ အခုနှစ် ဇွန်လ ၂၃ ရက်နေ့အထိ ၅ နှစ်တာကာလအတွင်း ကလေးစစ်သား အရေအတွက် ၉ဝဝ ကျော်ကို တပ်မတော် က နှုတ်ထွက်ခွင့်ပြုထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြော ပါတယ်။
2017-06-26
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာရှိတဲ့ ကျောက်မီးသွေးလောင်စာသုံး MCL ဘိလပ်မြေစက်ရုံကို သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက်တွေ လစဉ်စစ်ဆေးဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
2017-06-26
မွန်ပြည်နယ်မှာ နှစ်လအတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၅ဝ ဦးရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၆ တစ်နှစ်လုံးထက် ဖြစ်ပွားသူ ဦးရေ ပိုများနေတယ်လို့ သိရပါတယ်။
2017-06-26
လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ ကို ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။
2017-06-25
ဒုတိယအကြိမ် ၂၁ ပင်လုံညီလံခံအပြီး မြန် မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အဖြစ်များလာ တာဟာ တပ်မတော် ရဲ့ထိုးစစ်တွေကြောင့်ဖြစ်တယ် လို့ တအာန်းပလောင် TNLA အဖွဲ့ကပြောပါတယ်။ တဆက်တည်း တပ်မတော်ဟာ မြောက်ပိုင်း(၇)ဖွဲ့ကို တစ်ဖွဲ့ချင်းသာ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ်လို့ လည်း ပြောပါတယ်။
2017-06-25
ကမ္ဘာ့ဘဏ်က တားတား၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပေး၊ လူထုက ဆန့်ကျင်ဆန့်ကျင်၊ လျှပ်စစ် မီး ရဖို့ ကျောက်မီးသွေးသုံးဓာတ်အားပေး စက် ရုံတွေ မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ စီစဉ်နေပါပြီ။
2017-06-25
အမေရိကန် အစိုးရရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ကလေး စစ်သားသုံးစွဲတဲ့ နိုင်ငံများစာရင်း ထဲမှာ ဒီနှစ် မြန်မာ နဲ့ အီရတ် ကို နိုင်ငံခြားရေးဝန်ကြီး Tillerson က စာရင်းထဲကနေ ဖယ်ရှားဖို့ စီ်စဉ်နေတယ်လို့ ရိုက်တာသတင်း က ဖေါ်ပြပါတယ်။
2017-06-25
ကျည်ထောင်စုသစ္စာ ဆောင်းပါးရေးသားတဲ့ ဗြိတိသျှကိုကိုမောင်ကို ဗဟန်းရဲစခန်းက ထပ်မံဆင့်ခေါ်တာနဲ့ ပတ်သက်ပြီး သွားရောက်ဖြေရှင်းမှာ မဟုတ်ကြောင်း ဗြိတိသျှကိုကိုမောင်ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
2017-06-25
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျ ရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ စက်မှုမြေဧကပေါင်း တစ်ရာကျော်ကို ခွဲဝေယူထားတဲ့ အထဲမှာ ရခိုင်အမျိုးသားပါတီက ထိပ်ပိုင်းခေါင်းဆောင် တချို့ပါဝင်တဲ့ အတွက် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်း အရ အရေးယူပေးဖို့ မူလမြေပိုင်ရှင်တွေက ရခိုင်အမျိုးသား ပါတီဗဟိုဌာနချုပ်ထံ စာပေးပို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
2017-06-25
ပါတီအတွင်းရေးကိစ္စတွေကို လူမှုကွန် ယက်ပေါ်ရေးတင်တာတွေ သတင်းမီဒီယာတွေကို ပြောဆို တာတွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပါတီဗဟိုကော်မတီ ဝင်တွေကို သတိပေးလိုက်ပါတယ်။
2017-06-25
သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ဖယ်ရှားပေးဖို့နဲ့ ဆရာတော် ဦးဝီရသူ ကို တရားဟော ခွင့်ပြန်ပေးဖို့ အပါအဝင် တောင်း ဆိုချက် ၆ ချက်ကို ၇ ရက်အတွင်း အလေးထား ဆောင် ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်တဲ့ ကန့်ကွက်ရှုတ်ချ ပွဲမှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။
2017-06-25
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ဟာ ဇွန်လ ၂၃ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ် ပွားနေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
2017-06-25
ဇွန်လ ၂၄ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "ပညာရေး မဟာဗျူဟာ စီမံကိန်းနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက် " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာ အာကာမိုးသူ (အတွင်းရေးမှူး - မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်)နဲ့ ဒေါက်တာ စိုးဝင်းဦး (ဥက္ကဌ - မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများ အဖွဲ့ချုပ်) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ် ပါတယ်။
2017-06-24
တရုတ်ဘက်က ယာယီပိတ်ထား တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်ငွေ စာရင်းအများစုကို မနေ့က ပြန်ဖွင့်ပေးလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။