သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-22
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ရန်ကုန်က အလုပ်သမား ရာနဲ့ချီရှိတဲ့ စက်ရုံတွေထဲအထိ ရောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
2020-09-22
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က မိုးကုတ်ဝိပ္ပသနာကျောင်းတိုက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တဲ့စခန်းကို ဖွင့်လှစ်ထားပြီး အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။
2020-09-22
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက မြိုင်သာယာရွာသားနှစ်ယောက်ကို တပ်မတော်က မနေ့က ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-09-22
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ တပ်မတော်သား၊ ရဲဝန်ထမ်း၊ လဝကဝန်ထမ်းတွေကို ဖြစ်နိုင်တဲ့နည်းနဲ့ ကယ်ဆယ်ပေးဖို့၊ မိသားစုဝင်တွေစိတ်ပူနေတဲ့အတွက် ငြိမ်းချမ်းစွာ ပြန်လည် ရောက်ရှိလာဖို့ မျှော်လင့်နေကြပါတယ်။
2020-09-22
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့ရုံးက စာရေးကြီး ဦးမြင့်သန်းက ဘုရားဘဏ္ဍာငွေကျပ်သိန်းပေါင်း ၈၆၀ ကျော်ကို အလွဲသုံးစားပြုခဲ့တယ်လို့ စွပ်စွဲခံထားရပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့ မနေ့က ကင်မွန်းချောင်းနယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းခံလိုက်ရပါတယ်။
2020-09-22
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဆီးတရားစွဲဆို ခံထားတဲ့ရတဲ့ ကျောင်းသား သုံးဦးဟာ ဒီနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အာမခံနဲ့ ပြန်လွတ်လာပါတယ်။
2020-09-22
သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်ကို ပြည်ပကို ရောင်းမယ့်အစား ပြည်တွင်းမှာ လုံလောက်တဲ့ အခြေအနေဖြစ်မှ ပြည်ပကိုထုတ်ရောင်းဖို့ တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ ENAC ကနေ သုတေသနစစ်တမ်းကောက်ယူပြီး အကြံပြုထားပါတယ်။
2020-09-22
ထိုင်းနိုင်ငံရောက် အလုပ်သမားတွေဟာ နေရပ်ပြန်ချင်ကြပေမယ့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များပြားလာတာကြောင့် နေရပ်ပြန်သူ လျော့နည်းလာနေပါတယ်။
2020-09-22
နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းတွေကို စိစစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မိန့်ခွန်းတွေကို ဆင်ဆာဖြတ်တောက်ခဲ့တယ်လို့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများပါတီတို့က ပြောပါတယ်။
2020-09-22
ရန်ကုန်တိုင်းအတွင်းက ၄၅ မြို့နယ်ကို နေအိမ်မှာပဲနေဖို့ အစိုးရက ကြေညာပြီးနောက် တစ်ရက်အကြာမှာ ရန်ကုန်အခြေစိုက် သတင်းစာတွေ ယာယီရပ်နားမှုတွေ ဆက်တိုက်ရှိလာပါတယ်။
2020-09-21
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ ကုသဆေးတွေ ပေါ်ပေါက်လာပြီဆိုရင် မြန်မာနိုင်ငံအတွင်း အချိန်နဲ့ တစ်ပြေးညီ အမြန်ဆုံး ရောက်ရှိနိုင်အောင် အစိုးရက ပြင်ဆင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၁ ရက်နေ့ မနေ့က ပြည်သူလူထုထံ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။
2020-09-21
ရန်ကုန်တိုင်းမှာ ကိုကိုကျွန်းမြို့နယ်ကလွဲပြီး အိမ်အတွင်းမှာပဲနေထိုင်ကြဖို့ အမိန့်ကို မနေ့ကစပြီး လိုက်နာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ရာမှာ တချို့က မလိုက်နာဘဲ အရင်ကအတိုင်း ဆက်လက်သွားလာနေကြတယ်လို့ သိရပါတယ်။
2020-09-21
တောင်တရုတ်ပင်လယ်မှာဖြစ်ပွားခဲ့တဲ့ အပူပိုင်းမုန်တိုင်း နိုလ် ကြောင့် မွန်၊ တနင်္သာရီ၊ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုမှာ လူနေအိမ် ၁၃၀ ကျော် ပျက်စီးခဲ့ပါတယ်။
2020-09-21
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလမှာ နိုင်ငံရေးပါတီတချို့ရဲ့ ထောက်ခံသူတွေကြား အရင်ရွေးကောက်ပွဲကာလနဲ့မတူ ပဋိပက္ခဖြစ်လာနေပါတယ်။
2020-09-21
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ အငြင်းပွားဖွယ် မဲဆွယ်ဆိုင်းဘုတ်တစ်ခုဟာ ဥပဒေနဲ့ ငြိစွန်းမှု ရှိ၊ မရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပါတယ်။