သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-07
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စုအနီး ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်ဧရိယာထဲမှာ ပါဝင်တဲ့ ကျေးရွာတွေစုပေါင်းပြီး တောတောင်ရေမြေသဘာဝ မပျက်စီးစေဖို့ ဆုတောင်းတဲ့ပွဲကို တက်ရောက်တဲ့ ဒေသခံတောင်သူ တွေ ၂ကြိမ်တိုင်တိုင် တားဆီးစစ်ဆေးခံခဲ့ရပါတယ်။
2017-11-07
မြန်မာနိုင်ငံမှာ ငလျင်ကြောင့်ဖြစ်မယ့် ဆိုးကျိုးတွေ လျှော့ချနိုင်ဖို့အတွက် မြန်မာနိုင်ငံ အနောက် ဘက်ခြမ်းဖြစ်တဲ့ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က ပြတ်ရွေ့တွေ ကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီက မနေ့ကစပြီး အကြိုကွင်းဆင်းလေ့လာနေတယ်လို့ သိရပါတယ်။
2017-11-07
မွန်ပြည်နယ်၊ သထုံမြို့နယ် အလံတစ်ရာနယ်မြေက ခွန်တန်ဆိုသူဟာ မိန်းကလေးငယ်တွေကို မိဘတွေ သဘောမတူဘဲ ပေါင်းသင်းတယ်ဆိုပြီး မွန်ပြည်နယ်လွှတ်တော် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်ရေးကော်မတီထံ တိုင်ကြားထားတဲ့ကိစ္စကို မနေ့က ကော်မတီတာဝန်ရှိသူတွေက ကြားနာစစ်ဆေးခဲ့ပါတယ်။
2017-11-07
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် အဲဒီဖြစ်စဉ်တွေလျော့နည်းစေဖို့ အသိပညာပေးဟောပြောမှုတွေ လုပ်ဆောင်နေပါတယ်။
2017-11-07
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု NDAA မိုင်းလား အဖွဲ့တို့ လာမယ့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ပန်ဆန်းမြို့မှာ တေ့ွဆုံမယ်လို့ သိရပါတယ်။
2017-11-07
ရှမ်းပြည်နယ်က သတ္တုတွင်းမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေက တစ်ဦးကို တစ်နေ့လုပ်ခ ကျပ် ၈ထောင်ကနေ တစ်သောင်းကြား သတ်မှတ်ပေးဖို့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့တွေ တေ့ွ ဆုံပွဲမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။
2017-11-07
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးကို လောင်းကစားသမားတစ်စုက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပုတီးကုန်းနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၆၊ ၂၉၄ စတဲ့ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားပါတယ်။
2017-11-07
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က စတင် ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ ကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား ဒီနေ့အချိန်အထိ ယုံကြည်မှု ကင်းမဲ့နေကြ ဆဲ ဖြစ်ပါတယ်။
2017-11-07
ရန်ကုန်မြို့က စွန့်ပစ်လိုက်တဲ့ အမှိုက်တွေဟာ ရန်ကုန်မြစ်ထဲမှာ အဆုံးသတ်ကြတာများပါတယ်။
2017-11-07
မြန်မာ့အားကစားဟာ လွန်ခဲ့တဲ့ ၁၉၆ဝ ပြည့်လွန် နှစ်ကာလတွေက နိုင်ငံတကာအလယ်မှာ ထင်ပေါ်ခဲ့သလို၊ လူထုရဲ့ စိတ်ပါဝင်စား အားပေးမှုလည်း ရခဲ့ကြပါတယ်။
2017-11-07
တစ်ပတ်အတွင်း လူပြောများတဲ့ အကြောင်းအရာတစ်ခုကို ထုတ်နှုတ်ပြီး သူ့အမြင်ကိုယ့်အမြင် ပြောဆိုသုံးသပ်ချက်တွေကို တင်ပြပေးမယ့် "သူတို့သဘော သူတို့အပြော" ကဏ္ဍ ဖြစ်ပါတယ်။
2017-11-07
တစ်နေ့အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ထားတာကို တိုးပေးဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တို့ ဒီရက်ပိုင်း မှာ ဆွေးနွေးနေကြပါတယ်။
2017-11-06
လာမယ့်သီတင်းပတ် မြန်မာနိုင်ငံကိုလာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေနဲ့ လက်ရှိနိုင်ငံရဲ့ ပကတိအခြေအနေတွေကို ရှင်းလင်းပြောပြနိုင်လိမ့် မယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေက သုံးသပ်မျှော်လင့်နေကြပါတယ်။
2017-11-06
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်ခြားမှတ်တိုင် ၄၅ နဲ့ ၄၆ အကြားမှာ မနေ့ညနေက မြန်မာရဲတပ်သား ၄ ယောက်ကို တဘက်ဘင်္ဂလားဒေ့ရှ်နယ်ထဲကနေ လှမ်းပြီးပစ်ခတ်ခဲ့ပါတယ်။
2017-11-06
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတချို့ ပါဝင်ဆောင်ရွက်နေတာရှိပါတယ်။