သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-02
ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ကို နောင်ချိုမြို့နယ် ပလောင်ကုန်း ကျေးရွာက လူ ၂၀ နီးပါးခန့်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။
2017-11-02
နေပြည်တော်က လွှတ်တော် အဆောက်အဦးကို မောင်သူမဲ့ လေယာဉ်ငယ် (Drone) သုံးပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းတဲ့အတွက် နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ၆ ရက်ရှိပြီဖြစ်ပါတယ်။
2017-11-02
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်မြောက်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ခုံသမာဓိကောင်စီဝင်တွေရဲ့ ဖွဲ့စည်းပုံနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်ပြင် ဆင်ထားတယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
2017-11-02
နိုင်ငံရေးပါတီတွေအားလုံး ပါတီဝင်စာရင်းတွေ ပြန်လည်တင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-02
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဒေသကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့သွားရောက်ခဲ့ပါတယ်။
2017-11-02
နောင်ချိုမြို့နယ်၊ ပလောင်ကုန်းကျေးရွာက လူ ၂၀ လောက် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ဟာ မနေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
2017-11-02
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ဒီနေ့နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကြောင်းနဲ့ လူနည်းစုသာကျန်တော့တဲ့ ဒုက္ခသည်စခန်းတွေကို အများစုစခန်းတွေနဲ့ ပူးပေါင်းသွားဖို့ စီစဉ်တာသာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောပါတယ်။
2017-11-02
လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ် Drone နဲ့ မှတ်တမ်းရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရရာမှာပါဝင်တဲ့ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုးကို လက်ရှိအချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဦးအောင်နိုင်စိုးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဦးရဲထူးက ပြောပါတယ်။
2017-11-02
ရခိုင်နဲ့မွတ်စလင်ကြား ချစ်ချစ်ခင်ခင်နေခဲ့ကြဖူးတဲ့ လူငယ်နှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်အောက်လွှတ်တော် မှာ မနေ့ကပြသခဲ့ပြီး အဲဒီဒေသအခြေအနေတွေ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ရှင်းလင်းပြောဆို ခဲ့ပါတယ်။
2017-11-02
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး Sittwe ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားပြသပွဲ နဲ့ ဆွေးနွေးပွဲကို အမေရိကန်အောက်လွှတ်တော် မှာ နိုဝင်္ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး က အခုလိုတင်ပြထားပါတယ်။
2017-11-01
ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီ ခရိုင်မှာ ကိုယ့်ကိုကိုယ် သတ်သေမှုနဲ့ အမှုပိတ်ခဲ့တဲ့ မြန်မာမိန်းကလေး တဦး သေဆုံးခဲ့တဲ့အမှုကို ထိုင်းရာဇဝတ်မှု နှိမ်နင်းရေးဌာနက အမှုပြန်ဖွင့်ပြီး၊ ပြန်လည်စုံစမ်း စစ်ဆေးနေပါတယ်။
2017-11-01
တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ၅ လအတွင်း ပြန်လည်ရွေး ချယ်ဖို့ နိုင်ငံတော်သမ္မတရုံးက တိုင်းနဲ့ ပြည်နယ် အစိုးရတွေထံ အကြောင်းကြားထားပါတယ်။
2017-11-01
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့သူတွေကို မြန်မာဘက်က ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အချက်တချို့ သဘောမတူညီတာကြောင့် ပြန်လည်လက်ခံရေးကိစ္စ နှောင့်နှေးနေရတယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-11-01
အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ခြမ်းက လုံခြုံရေးအခြေအနေတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-01
ရခိုင်ပြည်နယ်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွေကို လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသအခြေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ် မချုပ်ဆိုနိုင်သေးတဲ့ကာလအတွင်းမှာ ရပ်ဆိုင်းထားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။