သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-21
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကအထွက် ကံဆိပ်ရွာအနီး မနေ့ မွန်းလွဲပိုင်းက ပုသိမ်သူ (၁၁) ရေယာဉ် တိမ်းမှောက်မှုကြောင့် အခုချိန်ထိ သေဆုံးသူပေါင်း ( ၆ ) ဦး ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
2012-03-21
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ညနေက ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ကို သွားရောက်ပြီး၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဒေသခံတွေကို စည်းရုံးဟောပြောခဲ့ပါတယ်။
2012-03-21
မဲစာရင်း အလွဲအမှားတွေ ထပ်မံတွေ့ရှိရကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မမှန်မကန် လုပ်ဆောင်မှုတွေ တွေ့နေရကြောင်း NLDပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2012-03-21
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်သူစာရင်း ပျောက်ဆုံးနေတာ၊ ကျန်နေတာတွေ ရှိနေပြီး NLD ပါတီဝင်တချို့ကို ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း သိရပါတယ်။
2012-03-20
ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို လာရောက်လေ့လာ စောင့်ကြည့်တဲ့ ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီနေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။
2012-03-20
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇဘောင်းတယ်ကျေးရွာမှာ ချင်းတိုင်းရင်းသားတွေ စုဝေးပြီး ခရစ်ယာန်ဘာသာရေး ညီလာခံတစ်ခု ကျင်းပတာကို ဒေသခံစစ်တပ်က ဝင်ရောက် နှောင့်ယှက်တာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
2012-03-20
၀န်ကြီးဌာနတချို့ရဲ့ကျပ်သိန်းပေါင်း ထောင်နဲ့ချီတဲ့ အလွဲသုံးစားမှုတွေ စစ်ဆေးတွေ့ရှိကြောင်း သတင်းရေးသားထုတ်ဝေခဲ့တဲ့ The Voice Weekly ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုပုဒ်မနဲ့ တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။
2012-03-20
စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံတစ်ရုံဖြစ်တဲ့ အင်းစိန် အထည်အလိပ်စက်ရုံ အမှတ် (၁၁) က ဝန်ထမ်း ၂၀၀ ကျော်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက လျော်ကြေးပင်စင်လျှောက်လွှာမှာ လက်မှတ် ရေးထိုးထားပေမယ့် အခုအချိန် အထိ ပင်စင်ဦးစီးဌာနက လျော်ကြေးငွေ ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ဘာမှ အကြောင်း မပြန်ဘူးလို့ သိရပါတယ်။
2012-03-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ်ငှားရမ်းအသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။
2012-03-20
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကို မြန်မာအစိုးရတပ်တွေ ထိုးစစ်ဆင်နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေကြောင်း၊ အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာတစ်စောင် ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။
2012-03-19
တရုတ် မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ဖမ်းဆီးနေရာမှာ မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ တရုတ် မြန်မာနယ်စပ် အခြေစိုက် ဒေသခံတွေက ပြောပါတယ်။
2012-03-19
မြန်မာနိုင်ငံမှာ အာဆီယံက စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံှံမှု ပိုများလာမယ်ဆိုရင် မြန်မာပြည်သူတွေအကျိုး ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေရှိဖို့ လိုအပ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ ခရစ်တီးနားဖင့်ခ်က ပြောလိုက်ပါတယ်။
2012-03-19
ရန်ကုန်မြို့၊ချပ်ထရီယမ်ဟိုတယ်မှာ မတ်လ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံကို အာအက်အေအဖွဲ့သား ဦးခင်မောင်စိုးနဲ့ ဦးကျော်ကျော်အောင်တို့ တက်ရောက်နေပါတယ်။
2012-03-19
ပုသိမ်ခရိုင် မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောင်းမြမြို့နယ်က ယှဉ်ပြိုင်အရွေးခံမယ့် NLD ပါတီကိုယ်စားလှယ် ဦးမန်းဂျော်နီရဲ့ပုံ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရကြောင်း သိရှိရပါတယ်။
2012-03-19
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းနှစ်ပတ်သာ လိုတော့ပေမဲ့ နိုင်ငံအနှံ့ မဲစာရင်းတွေ မမှန်မကန်ဖြစ်နေတာ တွေ့ရှိရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ဒီနေ့ပြောကြားပါတယ်။