သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-25
၅၇ ကြိမ်မြောက် ကရင်နီရိုးရာ စုပေါင်းကေ့ထျိုးဘိုးပွဲတော်ကို ကယားပြည်နယ် ဖရူဆိုမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-03-25
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။
2015-03-25
ဒုတိယကမ္ဘစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ အင်ဖားတိုက်ပွဲမှာ ပါဝင်ခဲ့သူ ဂျပန်စစ်သားဟောင်း၊ အသက် ၉၁ နှစ် အရွယ် ဆအိဂျိ အိမိုင်ဇုမိ ဟာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေးအတွက် ကိုယ်ပိုင်ငွေနဲ့ ထောက်ပံ့ ကူညီနေခဲ့ရာမှာ အခုအခါ အထောက်အပံ့ရရှိသူ ကျောင်းသူကျောင်း သားပေါင်း နှစ်ရာကျော်ရှိပြီလို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာ က ဖေါ်ပြပါတယ်။
2015-03-25
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်အနီးမှာ ထရပ်ကားတစီးကို လူစီးရထားက မနေ့က အင်္ဂါနေ့မှာ တိုက်မိပြီး ကားပေါ်ပါတဲ့ ရှမ်းတိုင်းရင်းသား ဆောက်လုပ်ရေးအလုပ်သမား ၇ ဦးသေ ဆုံးပြီး ၁ ဦးက အတွင်းလူနာအဖြစ်ကုသနေရတယ်လို့ သတင်းရရှိပါတယ်။
2015-03-25
ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ EU ဥရောပသမဂ္ဂနဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကာတာဌာန တို့ကို ဖိတ်ကြားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြော ပါတယ်။
2015-03-25
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍ အားကောင်းလာဖို့အတွက် စီးပွားရေး လုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ အဟန့်အတားတွေ ကို ဖယ်ရှားပေးဖို့ လိုအပ်နေတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2015-03-25
မြန်မာနဲ့ ထိုင်းနယ်စပ် မဲဆောက်နဲ့ ထာ့ဆောင်ရန်းခရိုင်အတွင်း သောင် ရင်းမြစ်တလျှောက်က မြန်မာဘက်ခြမ်းမှာရှိတဲ့ လှေဆိပ်တွေကို ပိတ်ထားလိုက်တာကြောင့် ထိုင်းဘက်က ကုန်တင်လှေတွေ အခက်တွေ့နေရကြောင်း ဘန်ကောက် ပို့စ်သတင်းကဖေါ်ပြပါတယ်။
2015-03-24
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ဘဏ်တွေကို KIA ကချင်အဖွဲ့က တွေ့ဆုံဆွေးနွေးချင်တဲ့ အတွက် မေလ ၃ဝ ရက်နေ့မတိုင်ခင် ဆက်သွယ် ကြဖို့ အကြောင်းကြားစာတွေပေးပို့ခဲ့တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။
2015-03-24
ဒီလအတွင်းဖြစ်ပွားခဲ့တဲ့ အလုပ်သမားနဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ လက်ပံတန်းမြို့က ကျောင်းသားသပိတ်ဖြို ခွဲမှုတွေမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေကို လက်ပတ်နီပတ် အရပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2015-03-24
လက်ပံတန်းမြို့ကျောင်းသားသပိတ် စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြို့ခံ ၂၀ ဦးကို သက်ဆိုင်ရာက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-03-24
ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ် (၃) ရေယာဉ် နစ်မြုပ်မှုကို စုံစမ်းစစ်ဆေး ဖို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ကို ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းလိုက်ပါတယ်။
2015-03-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်း တာကြောင့် မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ သံဃာတော်နှစ်ပါးက ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ တိုင်ကြားတာကို ဆားလင်းကြီး မြို့မ ရဲစခန်းက ပယ်ချလိုက်ပါတယ်။
2015-03-24
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့သူ အမည်စာရင်းတွေကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ် မှာ ကြေညာတော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့အမည်စာရင်းတွေ ပါမပါ သွားရောက်ကြည့်ရှုကြဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လိုက်လံနှိုးဆော်နေ ပါတယ်။
2015-03-24
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေ ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော် က ကိုယ်စားလှယ်တွေအပြင် သာယာဝတီအကျဉ်းထောင် ကနေ လွတ်မြောက်လာတဲ့ ကျောင်းသား ကျောင်းသူ ၄ ဦး တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-03-24
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ စတင်ဆွေးနွေးခဲ့ပါတယ်။