သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-24
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇူလိုင်လ ၂၆ ရက်နေ့ ကစပြီး အိန္ဒိယနိုင်ငံ ကို ၆ ရက်ကြာသွားဖို့ စီစဉ်ထားတယ်လို့ နယူးဒေလီကလာတဲ့ သတင်းတွေမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။
2015-07-24
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွေဟာ အခုလ ၂၂ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေး ထိုးနိုင်ဖို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-07-24
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ စိုးရိမ်ပူ ပန်ကြောင်း ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံး ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။
2015-07-24
ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တချို့မှာ လုံခြုံရေးအခြေအနေကြောင့် နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြပါတယ်။
2015-07-24
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွေဟာ အခုလ ၂၂ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေး ထိုးနိုင်ဖို့ ရန်ကုန်မြိုု့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီး မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-07-24
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲဖမ်းဆီး ခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော် ထွန်းနဲ့ ကိုဇော်လင်းတို့ အမှုကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ဆက်လက်စစ်ဆေးခဲ့ရာ လူသေ အလောင်းကတွေ့ရတဲ့ DNAနဲ့ တရားခံတွေရဲ့DNA တွေတူ ညီနေတာတွေ့ရှိ ရကြောင်း ရဲအရာရှိနှစ်ဦးက ထွက်ဆိုခဲ့တယ်လို့ သိရ ပါတယ်။
2015-07-24
မကွေးမြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၂ ရက်နေ့က “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စစ်ပွဲတွေကိုရပ်တန့်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ကျေးရွာပေါင်း ၁ဝ ရွာက တောင်သူတွေ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2015-07-24
သုတေသန မှတ်တမ်းပြုစုနေုကြတဲ့ မြန်မာနိုင်ငံက ကျောင်း သူကျောင်းသား ၈၀ ပါဝင်တဲ့ မြန်မာပြည်ဆိုင်ရာ ညီလာခံ တစ်ရပ်ကို ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ချင်းမိုင်တက္ကသိုလ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပနေပါတယ်။
2015-07-24
ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီက ဗဟိုကော်မတီဝင်တွေဟာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန် ကျောင်းတိုက်မှာ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
2015-07-24
တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲကထွက်သွားဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဇူလိုင်လ ၂၄ ရက်နေ့က ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတား မြို့နယ် တရားရုံးတွေမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-07-24
လူငယ်တွေ အလုပ်အကိုင်ရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့အတွက် “မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းပြပွဲ” ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းက Envoy တပ်မတော်ခန်းမမှာ ဇူလိုင်လ ၂၄ ရက်နေ့က စတင်ကျင်းပနေပါ တယ်။
2015-07-24
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-24
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသမှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေ တာကြောင့် ကျေးရွာ ၂ဝ ကျော်က လယ်ဧက ၅ဝဝဝ နီးပါး ရေနစ်မြုပ်ပျက်စီးနေပါတယ်။
2015-07-24
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီကို ကိုယ်စားပြု ပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ဝဝ ကို မှတ်ပုံတင်ကြေးနဲ့ စည်းရုံးရေးအတွက် ငွေကျပ်စုစုပေါင်း ကျပ်၁၀သိန်းစီ ပါတီက ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
2015-07-24
မိုးကုတ်မြို့နယ် ရေပူကျောင်းတိုက် ဆရာတော် လွတ်မြောက်ရေးအတွက် ဒေ သခံတွေရဲ့ ဆန္ဒပြတောင်းဆိုပွဲကို ဗီဒီယို ဖိုင်ရိုက်ကူးပြီး အခွေထုတ်ထားတဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးကျော်ဆွေလတ်ကို လယ်ဝေးမြို့နယ်ရဲစခန်းက ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။