သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-23
မစ္စတာ ကင်တားနားရဲ့ ၁ဝ ရက်ကြာ ခရီးစဉ်အပြီး မြန်မာနိုင်ငံက မထွက်ခွာခင် မင်္ဂလာဒုံလေဆိပ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2013-08-23
မြန်မာနိုင်ငံမှာ သမရိုးကျဆေးဝါးနဲ့ ကုသလို့မရတဲ့ ဆေးယဉ်ပါး တီဘီဝေဒနာရှင် အရေအတွက်ဟာ နှစ်စဉ် ကိုးထောင်နီးပါးအထိ တိုးလာနေတယ်လို့ MSF (ခေါ်) "နယ်စည်းမခြား ဆရာဝန်များအဖွဲ့" ရဲ့ နိုင်ငံတကာဥက္ကဋ္ဌ ဒေါက်တာ Unni Karunakara က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။ MSF ရဲ့ နိုင်ငံတကာ ဥက္ကဋ္ဌ Dr. Unni Karunakara ကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-23
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ "ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့" က ဦးဂွမ်တောင်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-22
မြန်မာနိုင်ငံခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဆန္ဒပြလူအုပ်က အကြမ်းပတမ်းပြုမူ ခဲ့ကြပေမယ့် အာဏာပိုင်တွေက အကာအကွယ်မပေးဘဲ ဥပေက္ခာပြုနေခဲ့ကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Ojea Quintana ပြောဆိုခဲ့တာဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ မြန်မာအစိုးရက တုံ့ပြန်ပြော ကြားလိုက်ပါတယ်။
2013-08-22
မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ငါးပိတွေမှာ ယူးရီးယား ဓါတ်မြေသြဇာ သုံးစွဲထားတာတွေ့ရှိရကြောင်း စားသုံးသူကာကွယ်ရေးအသင်းက သြဂုတ်လ ၁၉ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2013-08-22
ဒီမိုကရေစီရဲ့ အနှစ်သာရဟာ အများရဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ရတာဆိုပေမယ့်၊ လူနည်းစုရဲ့ ဆန္ဒတွေကိုလည်း လေးစားတန်ဖိုးထားရ မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2013-08-22
ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတတို့အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ နိုင်ငံပိုင်သတင်းစာတွေ မှာ ဖော်ပြတာဟာ ပြည်သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော် မှာ တင်သွင်းခဲ့ပါတယ်။
2013-08-22
ချောင်းဆိုးသွေးပါရောဂါလို့ခေါ်တဲ့ တီဘီရောဂါဝေဒနာရှင် မြန်မာနိုင်ငံမှာ ၃ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းပြီး အဲဒီလူနာတွေထဲမှာ ဆေးမတိုးတော့တဲ့ဝေဒနာရှင် ၁ သောင်းခွဲလောက်ရှိမယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များ MSF အဖွဲ့ နိုင်ငံတကာ ဥက္ကဌ Dr. Unni Karunakara က RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
2013-08-22
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းအနား အလှူငွေ အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့ညပိုင်းက အလှူငွေ နှစ်သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2013-08-22
ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာ တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintanaကင်တားနားဟာ မဲဆောက်မြို့အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ မြန်မာတိုင်းရင်းသား အဖွဲ့အစည်း ၆ ခုနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
2013-08-22
၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတချို့က ပါတီတည်ထောင်တဲ့ ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားတွေကို လာမယ့်စက်တင်ဘာလနဲ့ အောက်တို ဘာလတွေမှာ သက်ဆိုင်ရာပါတီအလိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။
2013-08-22
မကွေးတိုင်း ပခုက္ကူမြို့ဘက် ကို ဖောက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ် ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင် မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။
2013-08-22
ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးက မြို့အတော်များများမှာ ဒီနေ့ကျင်းပခဲ့ကြပါတယ်။ မြဝတီမြို့မှာကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားအကြောင်းကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-22
ကယားပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သစ်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့ရာက အခုဆိုရင် သစ်တောပြုန်းတီးမှုဟာ စိုးရိမ်စရာအခြေအနေကို ရောက်နေပြီလို့သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-08-22
ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးက မြို့အတော်များများမှာ ဒီနေ့ကျင်းပခဲ့ကြပါတယ်။ မြဝတီမြို့မှာကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားအကြောင်းကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။