သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-31
သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၁၀၀ ခန့်ရှိခဲ့ပါတယ်။
2020-08-31
မြန်မာနိုင်ငံမှာ မနေ့တရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၉၅ ဦးကိုစစ်ဆေးတွေ့ရှိတဲ့အဖြစ်က ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲ တရှိန်ထိုး တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်ပါ့မလား ဆိုတာ အထူး စိုးရိမ်စရာဖြစ်ပြီး လာမယ့် ၂ ပတ်လောက်အတွင်း ဖြစ်ပေါ်လာမယ့် အခြေအနေက တော်တော်အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တဦးက RFA ကို ပြောပါတယ်။
2020-08-31
လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
2020-08-31
၂၀၁၉ ခုနှစ်အတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လုပ်ငန်းစဉ်နဲ့ ရှေ့ပြေးရလဒ်ကို ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့အင်အားဦးစီးဌာနက မြန်မာနိုင်ငံမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် နည်းပါးလာနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
2020-08-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားသူ ကိုယ်စားလှယ်လောင်း ၁၁၂၉ ယောက်ထဲက တစ်ယောက်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ချခံလိုက်ရပါတယ်။
2020-08-31
ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ်လမ်းဟောင်းက အလယ်ဗိုလ်တဲစခန်းမှာ တပ်မတော် ဆက်သွယ်ရေးတပ်က တပ်သားနှစ်ဦး မနေ့က အသတ်ခံရသလို သူတို့ရုပ်အလောင်းကို သွားရောက်သယ်ဆောင်တဲ့ တပ်မတော်သား တချို့လည်း မိုင်းထိသေဆုံးခဲ့ပါတယ်။
2020-08-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ဒီနေ့မနက်က ဘယ်ကနေ ပစ်ခတ်လိုက်တဲ့ ကျည်ဆံမှန်းမသိတဲ့ ကျည်ဆံတချို့ နေအိမ်ထဲကျခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ခြေထောက်ကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-08-31
လူနာနံပါတ် ၆၅၉ ဟာ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်ကနေတဆင့် နေပြည်တော်ကို လာရောက်ခဲ့ဖူးတဲ့အတွက်၊ အဲဒီလူနာနဲ့ ဆက်စပ်သူ ၇၀ ကျော်ကို ကျန်းမာရေးစစ် ဆေးတာ၊ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က RFA ကိုပြောပါတယ်။
2020-08-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတချို့ဟာ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် မယုံကြည်ဖြစ်နေတာကြောင့် ကာကွယ်ထိန်းချုပ်ရေးမှာ အခက်အခဲတွေရှိနေပါတယ်။
2020-08-30
ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ မနက်ထုတ်ပြန်တဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၇၈၇ ဦးအထိရှိလာပြီဖြစ်ပြီး ဒီနေ့မနက်မှာ ထပ်တိုးလူနာသစ် ၁၂ ဦးရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2020-08-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူအရေအတွက် ဆက်တိုက်များပြားလာနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့လတွေအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ အများအပြားပါဝင်နေပါတယ်။
2020-08-30
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တွေကို ဒီနေ့ စတင်ကြေညာလိုက်ပါတယ်။
2020-08-30
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ရာမှာ လာရောက်ဖြေရှင်းတာမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ကသာ ကိုယ်စားတက်ရောက်ခဲ့ပါတယ်။
2020-08-29
ပြီးခဲ့တဲ့အပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်လာတဲ့အတွက်၊ ပြည်သူတွေဆီ သတင်းရောက်ဖို့ 4G အင်တာနက်လိုင်းကောင်းတွေ ပြန်ဖွင့်ပေးဖို့လိုအပ်သလို၊ အစိုးရက လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ကပြောပါတယ်။
2020-08-29
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။