သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-08-31
NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ရဲ့ အဂတိအမှု ငါးမှုအတွက် အထူးအယူခံ တင်ပြထားမှုကို ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-08-31
စစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်နေတဲ့ စစ်အုပ်စုကို ပိုမိုကောင်းမွန်တဲ့ စစ်ရေးစွမ်းရည်တွေပေးအပ်မှာဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း Justice for Myanmar က ကြေညာပါတယ်။
2023-08-31
စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပျောက်ဆုံးနေတဲ့ဖြစ်ရပ်တွေဟာ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ တဟုန်ထိုးများပြားလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။
2023-08-31
ထားဝယ်မြို့နယ် အရှေ့တောနယ် ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ခမောင်းသွယ်နဲ့ ဘန်ချောင်းဒေသမှာ စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို လာမယ့် စက်တင်ဘာလ ၁ရက်နေ့ နောက်ဆုံးထားရပ်တန့်ဖို့ ာ် KTLA က ဩဂုတ်လ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
2023-08-31
ကသာမြို့နယ်က ရွာသုံးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် အရပ်သား နှစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-08-31
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ခြောက်နှစ် လွတ်ငြိမ်းခွင့်ပေးထားတဲ့ အမှုတွေရဲ့ အထူးအယူခံ တင်ပြမှုကို ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-08-31
တရုတ်အစိုးရက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ South China Morning Post က ဖော်ပြပါတယ်။
2023-08-31
ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအနီးကို စစ်တပ်က ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲခဲ့လို့ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-08-31
ဆီလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီ ခေါ်ယူမေးမြန်းနေတယ်လို့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
2023-08-31
ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကရင်လူမျိုးတွေစုပေါင်းပြီး ကရင်ရိုးရာဓလေ့ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) ကို ဩဂုတ်လ ၃၁ ရက် ဒီနေ့မှာ ကျင်းပကြပါတယ်။
2023-08-31
မြစ်ကြီးနားမြို့က လူငယ် ၁၁ ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
2023-08-31
စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း KNU တပ်မဟာ (၃) နယ်မြေမှာ တိုက်ပွဲပေါင်း ၁၁၄၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၁၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-08-31
နိုင်ငံရေးမတည်ငြိမ်တာနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာကြောင့် ပုသိမ်ထီးလုပ်ငန်းအတွက် ကုန်ကြမ်းစျေးနှုန်း အရင်ထက်သုံးဆလောက် မြင့်တက်သွားပါတယ်။
2023-08-30
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Masud Bin Momen က ပြောပါတယ်။
2023-08-30
လက်ရှိစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်က သရက်ခေါင်းဘုန်းကြီးကျောင်းမှာပဲ တပ်စွဲထားတာကြောင့် ရွာ ၁၄ ရွာက ဒေသခံနှစ်သောင်းကျော် နီးစပ်ရာရွာတွေ၊ တောတွေမှာ ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာလိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။