သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-30
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အင်းဒင်နဲ့ ဂူတာပြင်ကျေးရွာက မွတ်စလင်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ထောင်ချခံခဲ့ရတဲ့ တရားခံ တပ်မတော်သားတွေကို တစ်နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စလို နောင်မှာ ဖြစ်ပွား တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စက်တင်ဘာ၂၉ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။
2020-09-30
၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်း အရေအတွက် ဒုတိယအများဆုံးရှိတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထိန်းသိမ်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ ပြောပါတယ်။
2020-09-30
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၂၂၄ နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
2020-09-30
၈၈ မျိုးဆက် ကျောင်းသားတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
2020-09-30
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှားပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။
2020-09-30
လူဦးရေ ၆ သန်းဝန်းကျင်နေထိုင်ရာ ရန်ကုန်မြို့မှာ အဓိက ဈေးကြီးတွေဖြစ်တဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးတွေမှာ ဈေးဆိုင်ခန်း အများအပြား ပိတ်သိမ်းထားပြီး ကုန်ဈေးနှုန်းလည်း အနည်းငယ်တက်နေပါတယ်။
2020-09-29
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးအတွက် အစိုးရကို ပုဂ္ဂလိက ဆေးရုံများအသင်းက ဆေးဝါးနဲ့ တခြားပစ္စည်းတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေပါ ကူညီပံပိုးပေးနေတယ်လို့ သိရပါတယ်။
2020-09-29
ကိုဗစ်ကာလ ဒုတိယလှိုင်းအတွင်း မကွေးတိုင်းမှာ ရောဂါပိုးတွေ့ရှိသူ ၃၄ ယောက်ရှိနေပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဆက်သွယ်မေးမြန်းထားပါတယ်။
2020-09-29
မြန်မာနိုင်ငံက လူတစ်သောင်းမှာ နှစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံ ထားရပါတယ်။ ကူးစက်မှုအများဆုံးရှိတဲ့ ရန်ကုန်မှာ ဗိုင်းရပ်စ်ရှိ/ မရှိ စစ်နိုင်ဖို့ ဆေးရုံတွေ မလုံလောက်တာကြောင့် အစိုးရနဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ပေါင်းဖွင့်ထားတဲ့ အဖျားဆေးခန်းတွေ ကနေ တစ်နေ့ကို သံသယလူနာ အယောက် ၄၀၀ လောက် အိမ်ပြန်လွှတ်နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
2020-09-29
စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးထားချိန် ဒေသခံတစ်ယောက် သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ မြောက်ဦးမြို့က သုံးဘီးမောင်းသူ သာမန်အရပ်သားတစ်ဦး ဖြစ်တယ်လို့ မိသားစုနဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ပြောဆိုထားပြီး၊ တပ်မတော်ကတော့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
2020-09-29
မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အဆင့် လေးနေရာကို ရောက်ရှိလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေပေါ် စီမံခန့်ခွဲမှု အားနည်းတယ်လို့ ဝေဖန်သူတွေ ရှိသလို အတိုင်ပင်ခံရဲ့ ဦးဆောင်မှုအပေါ် ယုံကြည်သူတွေလည်း ရှိနေပါတယ်။
2020-09-29
ပြည်ထောင်စုအစိုးရက ကိုဗစ်ကာလထောက်ပံ့ငွေအဖြစ် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနဲ့ သတင်းမီဒီယာနယ်ပယ် ငါးခုအတွက် ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။
2020-09-29
နေပြည်တော်က သေဆုံးလူနာဟာ၊ ပိုးမတွေ့ Negative နှစ်ကြိမ်ပြခဲ့ပြီးမှ ရုတ်တရက်သေဆုံးခဲ့တာကြောင့်၊ ပြည်သူအားလုံး ကပ်ရောဂါနဲ့ပတ်သက်ပြီး အထူးသတိထားကြဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက သတိပေးလိုက်ပါတယ်။ ဒီသေဆုံးမှုဟာ နေပြည်တော်မှာ ပထမဆုံးနဲ့ အထူးခြားဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။
2020-09-29
နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။
2020-09-29
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ရေး စတေကာ လှုပ်ရှားမှုနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား ၁၄ ဦးကို အစိုးရက ဖမ်းဆီးထားပြီး လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသား ၃၀ လောက်လည်း တိမ်းရှောင်နေရပါတယ်။