သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-26
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်တိုင်းရင်း သားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2016-03-26
ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နဲ့ ကချင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုမြှင့် တင်ရေးအဖွဲ့ (MATA) တို့ပူးပေါင်းပြီး “စက်ယန္တရား များ အောက်က အသက်ငင်နေသော ဖားကန့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-03-26
ရခိုင်အမျိူးသားပါတီ (ANP) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂စောင်နဲ့ ပါတီ အလုပ်အမှုဆောင် ၆ ဦးကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်သူလူထုသို့ အသိပေးစာဆိုပြီး ကန့်ကွက်တဲ့ စာတစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
2016-03-25
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးလှသိန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2016-03-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်လက်ထက်မှာ တာဝန် ထမ်းဆောင်မယ့် ပြည်ထောင်စုဝန်ကြီး ၁၄ ဦးကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ဝင်းထဲက တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2016-03-25
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသူ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးနဲ့ပတ်သက်ပြီး ကန့်ကွက်သူမရှိ တာကြောင့် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-03-24
၂ဝ၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထူထောင်ခဲ့တာ ၁၆ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း AAPP ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။
2016-03-24
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူကို မျက်နှာမူတဲ့၊ အများပြည်သူရဲ့ သဘောဆန္ဒတွေကို ထုတ်ဖော်ပေးတဲ့ မီဒီယာတွေဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ NLD အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့် ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။
2016-03-24
လွှတ်တော်က အတည်ပြုခန့်အပ်လိုက်တဲ့ အစိုးရသစ်ဝန်ကြီးတွေ တာဝန်ယူရမယ့် ဝန်ကြီးဌာန အမည်စာရင်းတွေနဲ့ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းတွေကို လာမယ့်သီတင်းပါတ်အတွင်း ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2016-03-24
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် သူရဦးအောင်ကို ဟာ လာမယ့်အစိုးရလက်ထက်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ်လို့ပြောပါတယ်။
2016-03-24
ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလာတဲ့ အစိုးရသစ်ရဲ့ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ ဝန်ကြီးလောင်းတချို့ရဲ့ ကိုယ်ရေးနောက်ခံ အကျဉ်းထဲက နိုင်ငံခြားပါရဂူဘွဲ့တွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာနေတဲ့အပေါ် ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-03-23
လာမယ့်အစိုးရသစ်မှာ NLD ပါတီရဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းကို စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ပေးအပ် မှာ ဖြစ်ကြောင်း သိရပါတယ်။
2016-03-23
အစိုးရအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီး ၁၈ ဦးထဲမှာ မွန်အမျိုးသားပါတီ ဒုတိယဥက္ကဌ ဦးနိုင်သက်လွင်လည်း ပါဝင်ပါတယ်။
2016-03-23
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြေစာစွန့်ပစ်တဲ့ ကုမ္ပဏီကားတွေကို ကျေးရွာလမ်းတွေထဲ ဖြတ်သန်းခွင့်မပေးဘဲ ဒေသခံတွေက ကျေးရွာတိုင်းမှာ ပိတ်ဆို့ဆန္ဒပြနေတာ ၂ ရက်ရှိပြီဖြစ်ပါတယ်။
2016-03-23
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး အမည်စာရင်းမှာ အန်အယ်လ်ဒီရဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင်လည်း ပါဝင်ပါတယ်။