သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-24
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်က ကျေးရွာတွေမှာ ဝက်သက်နဲ့ တခြားကူးစက်ရောဂါတွေကြောင့် သေဆုံးသူ ၇၀ နီးပါးဖြစ်နေပြီလို့ ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။
2016-08-24
ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးပြီး မြေပြိုကျမှုတွေ ရှိနေတာကြောင့် နေအိမ်တချို့ပြိုကျပျက်စီးမှုတွေ ရှိနေပါတယ်။
2016-08-24
မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အသေအပျောက်၊ အပျက်အစီးနောက်ဆုံး အခြေအနေသိရအောင် မကွေးမြို့အခြေစိုက် RFA သတင်းထောက် ဦးမြင့်ဇော်ဦးကို ကိုကျော်ကျော်အောင် ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-08-24
ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ပုဂံရှေးဟောင်း စေတီပုထိုးတွေ အခြေအနေကို ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-23
ဒီနေ့ မနက်က လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအနီး ဝက်မှေးကျေးရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ကားတစ်စီး ကဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို တိုက်မိ ခဲ့တာကြောင့် ယာဉ်မောင်းသမား တရုတ်တွေ နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ပြဿနာဖြစ်ပွား ခဲ့ပါတယ်။
2016-08-23
၂၁ ရာစု ပင်လုံညီလာခံမှာ ရွေးကောက်ပွဲ အနိုင်မရတဲ့ နိုင်ငံရေးပါတီ ၇၀ က ကိုယ်စားလှယ် ၅ ယောက်ပဲ တက်ရောက် ခွင့်ပေးတဲ့အတွက် ပါတီတွေက ကန့်ကွက်လိုက်ပါတယ်။
2016-08-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပြင်ဘုကြီးကျေးရွာအနီးမှာရှိတဲ့ သဲသောင်ပြင်ကနေ သဲတွေစုပ်ထုတ် ပြီး မော်လဒိုက်နိုင်ငံကို ရောင်းဖို့ ပြင်ဆင်နေတဲ့ စီမံကိန်းကို ကုမ္ပဏီတွေ က ဒေသခံတွေနဲ့ တွေ့ဆုံရှင်းပြစဉ်မှာ ဒေသခံတွေက ကန့်ကွက်လိုက်ကြပါတယ်။
2016-08-23
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာကျင်းပနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီညီလာခံကနေ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောင်းလဲရွေးချယ်လိုက်ပါတယ်။
2016-08-23
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ နေ ပြည်တော်မှာ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
2016-08-23
ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ပထမအစီရင်ခံစာကို အချိန်မှီ ရေးဆွဲပေးပို့နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2016-08-23
၂၁ ရာစု ပင်လုံညီလာခံမှာ ချင်းတိုင်းရင်းသားတွေ ရဲ့ အသံတစ်စုတစ်စည်းတည်းတင်ပြနိုင်ဖို့အတွက် ချင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဟာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက New Ayer ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-08-22
ရန်ကုန်တိုင်းဒေသကြီးအစိုးရက အထပ်လျှော့ချဖို့ ညွှန်ကြားထားတဲ့ ကွန်ဒိုအဆောက်အဦး ၁၂ လုံးကို မူလတင်ပြထားတဲ့ ပုံစံအတိုင်း ပြန်လည်ဆောက် လုပ်ခွင့်ပြုလိုက်ပါတယ်။
2016-08-22
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်ပါတီ ညီလာခံကို နေပြည်တော်က ပါတီဌာနချုပ်မှာ ဒီနေ့ကစပြီး သြဂုတ်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။
2016-08-22
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေးပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦး နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-08-21
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော် မတီနဲ့ DPN ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ သုံးရက် ကြာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။