သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီက ဒေသခံ ( ၄ဝဝဝ )လောက်ဟာ မြိုင်ကြီးငူဒေသက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
2016-09-22
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ပွန်ချောင်း အနီးမှာ ရွှေတောင်ကုမ္ပဏီက တည်ဆောက် မယ့် ရေကာတာကို ရပ်ဆိုင်းပေးဖို့ ကရင်နီပြည် လူမှုအဖွဲ့အစည်း ၉ ဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2016-09-22
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာရဲ့တောင်ဘက် သစ်တောကြိုးဝိုင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ရဲဘက်ပြေးတစ်ဦးနဲ့ မူးယစ်ဆေးဝါးရောင်းချ နေတာတွေကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားလို့ သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ အဲဒီအမှုနဲ့ဆက်နွယ်ပြီး တစ်ဦးကိုသာ ဖမ်းမိပြီး အယောက် ၂၀ ထွက်ပြေး လွတ်မြောက်သွားပါတယ်။
2016-09-21
ကချင်ပြည်နယ် လုံးခင်း-ဖားကန့်ရတနာနယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်တာ၊ ကျောက်မျက်ရတနာ အရိုင်းတွေကို စမ်းသပ်တိုင်းတာတာ၊ လက်ဝယ်ထားပြီး သယ်ယူရောင်းဝယ်တာတွေ မပြုလုပ်ဖို့ သတိပေးထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းတို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-09-21
ပုဂံဒေသကို ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကြိုးစားနေပြီး မကြာခင်စာရင်းဝင်ဖြစ်လာမှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ပုဂံဒေသနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ယူနက်စကိုရဲ့စည်းမျဉ်းတွေကို အလေးထားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုအဖွဲ့ကြီးရဲ့ အစီအစဉ်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။
2016-09-21
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ DKBA ခွဲထွက်အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးဒုက္ခသည် ၃၈၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
2016-09-20
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်တိုက်နယ်အနီး တဝိုက် ကျေးရွာတွေက ဒေသခံ ၅၀ ခန့်ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က မနေ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
2016-09-20
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး ဒုက္ခသည် ၃၀၀ ကျော်ကို နေရပ်ပြန်လည်ခေါ် ယူပြီး နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
2016-09-19
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ တွဲဖက် မန်နေဂျာ ဦးလှဖုန်းမြင့် ကို ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားပါတယ်။
2016-09-18
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အသက် ၉ လကနေ ၁၅ နှစ်အထိ ကလေးဦးရေ ၁ သိန်း နီးပါးကို စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ၁၀ရက်ကြာ ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးတွေ ထိုးပေးသွားမယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာသောင်းလှိုင် က ပြောပါတယ်။
2016-09-18
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်မှာ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျောက်မျက်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နန့်စီပွန်ဒေသနဲ့ ခန္တီးမြို့ပေါ်မှာ တရားမဝင် ကျောက်မျက်သယ်ယူရောင်းချမှုတွေကို ဖမ်းဆီးနိုင်ဖို့ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
2016-09-17
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြား ချက်နဲ့ မုံရွာမြို့ပေါ်က လမ်းဘေးဈေးသည်တွေကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက စီမံချက် ချမှတ်ရှင်းလင်းနေပြီး မဖယ်ရှားတဲ့ ဈေးသည်တွေ ကို စည်ပင်ဥပဒေအရ တရားစွဲဆိုသွားမှာဖြစ် ပါတယ်။
2016-09-17
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေကို ဖြေကြားပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ ထားရှိပေးဖို့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေက တပ်မတော် တာဝန်ရှိသူတွေထံ မနေ့က တောင်းဆိုလိုက်ပါတယ်။
2016-09-17
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့တို့ တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ် ပြောင်းလဲမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ ကြပါတယ်။
2016-09-16
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်က နီကယ် စက်ရုံစီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာ မြေဧက သုံးထောင်ကျော် ပြန်လည် ရရှိရေးနဲ့ ပတ်သက်ပြီး ခရိုင်အထွေထွေအုပ်ချုပ် ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရာမှာ ပြေ လည်မှုမရရှိတာကြောင့် လွှတ်တော်ကနေတဆင့် တင်ပြဆောင်ရွက်သွားမယ်လို့ ဒေသခံတွေက ပြော ပါတယ်။