သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-23
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ရဲတပ်ဖွဲ့ကပစ်ခတ်တဲ့အတွက် မြေသိမ်းခံတောင်သူ အမျိုးသမီးကြီး တစ်ဦးသေဆုံး ရတဲ့ဖြစ်ရပ် နဲ့ပတ်သက်လ့ို ဒေသခံ ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်အာလောက ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-12-22
မြန်မာနိုင်ငံက စာသင်ကျောင်း အများအပြားမှာ ကလေးငယ်များအတွက် ရောင်းချနေတဲ့ ပြည် တွင်း ပြည်ပက သွားရည်စာအထုပ်တွေ မှာ ဘေးဖြစ်စေနိုင်တဲ့ ဓါတုဆေးများ ပါဝင်နေတဲ့ ကိစ္စကို ဦးခင်မောင်ညိန်းက အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာ ယမုံနာ ဆေးခန်းတည်ထောင်ခဲ့တဲ့ ဆရာဝန်ကြီး ဦးတင့်ဆွေကို မေးမြန်းတင်ပြထားပါတယ်။
2014-12-21
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေအများစုကို မြေယာလျော်ကြေးတွေပေးပြီးဖြစ်တယ် လို့ဝမ်ပေါင်ကုမ္ပဏီကပြောဆိုပေမဲ့၊ လယ်မြေဧက ၃၀၀၀ကျော် လျော်ကြေးမယူရသေးဘူးလို့ သိရပါတယ်။
2014-12-21
ရန်ကုန်မှာ တနင်္လာနေ့ကစပြီး ၂ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCCT အဖွဲ့ ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ မတက် ရောက်တာဟာ KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးကို အစိုးရစစ်တပ်က လက်နှက်ကြီးနဲ့ ပတ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဖက်က အတိအကျအကြောင်းမပြန်သေးတာကြောင့် ဆိုတဲ့ အချက်ပါဝင်တယ်လို့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောပါတယ်။
2014-12-20
တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းရယူမှု လွယ်ကူ အစဉ်ပြေစေရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ကိုယ်စားလှယ်အရာရှိတွေနဲ့ သတင်း မီဒီယာသမားတွေ ဒီနေ့ ရန်ကုန်မြို့ ရန်ကင်းမြို့ နယ်က မြဝတီစာပေတိုက်မှာ ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2014-12-19
တိုင်းရင်းသားနိုင်ငံရေးပါတီ ၇ ခုနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖဲ့ွ UNA ညီလာခံကို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့ မှာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပ မှာဖြစ်ပါတယ်။
2014-12-19
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဟာ တစ်နိုင်ငံလုံးအကျိုးရှိမယ့် ကိစ္စဖြစ်တာမို့ အလေးအနက်ထား လုပ်ဆောင်ကြဖို့ဆိုပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပါတီဝင်တွေကို ပါတီဌာနချုပ်ကနေ ညွှန်ကြားကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားပါတယ်။
2014-12-19
နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်နဲ့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-12-16
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို ယာယီအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးနဲ့ ဒီနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီယာယီအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-16
လာမယ့် ၂ဝ၁၅ ဇန်နဝါရီလကစပြီး နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်တဲ့ ကိစ္စတွေကို သတင်းမီဒီယာတွေအနေနဲ့ နိုင်ငံတော်သမ္မအိမ်တော်ကနေ နေ့စဉ် သတင်းယူခွင့်ပြုလိုက်ပါတယ်။
2014-12-16
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သာယာ ဗိုလ်ချုပ်ကြေးရုပ်ကွင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဧရာဝတီတိုင်းဒေသကြီး ခရိုင် ၆ ခုက တောင်သူလယ်သမား ကိုယ်စားလှယ် ငါးထောင်ကျော်နဲ့ တွေ့ဆုံပြီး လယ်ယာမြေပြဿနာတွေ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။
2014-12-16
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ် ဒါမှ မဟုတ် နိုဝင်ဘာလ ပထမဆုံးအပတ်မှာ ကျင်းပပေး မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ဒီကနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ် မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2014-12-15
အီးယူ ဥရောပသမဂ္ဂအဖွဲ့ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေးစီမံခန့်ခွဲမှုအပါအဝင် စွမ်းရည်မြှင့်သင်တန်းတွေ ပို့ချနေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။
2014-12-14
လိပ်ခွံတောင်ဒေသမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ဇီးတောကျေးရွာရှိ စမ်းမြဝတီကျောင်းတိုက် ဆရာတော် အရှင်အာလောက ကို ဦးခင်မောင်စိုး က လျှောက်ထားမေးမြန်းထားပါတယ်။
2014-12-14
ဒီကနေ့ မြန်မာ့မီဒီယာလောကမှာ မှားယွင်းပြော ဆိုရေးသားနေကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။