သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-19
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကျန်းမာရေးစင်တာ (ယာယီဆေးရုံ) အဖြစ် ပြောင်းလဲလိုက်ပြီး လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို စတင်လက်ခံ ကုသပေးတော့မှာပါ။
2020-04-17
မြန်မာနိုင်ငံမှာ သံသယလူနာတွေထဲက ဘယ်သူ့ကို ဓာတ်ခွဲစစ်ဆေးမလဲဆိုတာ ဆုံးဖြတ်တဲ့အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာ နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား အရာရှိတစ်ဦးဖြစ်တဲ့ ဒေါက်တာ ကျော်ညွန့်စိန်က ပြောလိုက်ပါတယ်။
2020-04-17
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တဖြေးဖြေး များလာနေပါတယ်။ ဗိုင်းရပ်စ်ပိုးမကူးစက်အောင် နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုခုခံ ကာကွယ်သင့်ပါသလဲ။
2020-04-16
မြန်မာနိုင်ငံအတွင်း မြို့ကြီးတွေမှာ အရေးကြီးကိစ္စမရှိရင် အပြင်မထွက်ကြဖို့ လူမစုဖို့ အာဏာပိုင်တွေက ညွှန်ကြားထားချိန်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကူးစက်ရောဂါကြီးကို အံတုပြီး အလုပ်လုပ်နေကြပါတယ်။
2020-04-16
၂၀၂၀ မြန်မာနှစ်သစ်သင်္ကြန်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အသွင်သဏ္ဍာန်အားဖြင့်ပြောင်းလဲသွားပေမယ့် အကုသိုလ်တွေ၊ လောဘ ဒေါသ မောဟတွေနည်းပြီး ဘာသာတရားကိုလူတွေပိုပြီး အာရုံစိုက်လာကြတဲ့အတွက် အနှစ်သာရအားဖြင့် အဆိုးထဲက အမြတ်ထွက်တယ်လို့ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလက မိန့်ကြားပါတယ်။
2020-04-16
နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ Naypyitaw Covid.19 Volunteer Team(NCVT) နာယက တစ်ဦးဖြစ်တဲ့၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေကို RFA ၀ိုင်းတော်သား ကိုသီဟထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။
2020-04-14
အက်စစ်နဲ့ တိုက်ခိုက်ခံရတဲ့ ရန်ကုန်မြို့က အိမ်အကူ မိန်းကလေးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ သူ့ရဲ့ မိခင်က ပြောပါတယ်။
2020-04-13
မြန်မာနိုင်ငံက လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အစပျိုးအခြေအနေသာဖြစ်ပြီး လာမယ့် ၂ လအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်ကြောင်း နဲ့ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ရေးအစီအစဉ်တွေကို စနစ်တကျလုပ်ဆောင်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
2020-04-12
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာကပ်ကြီးကြောင့် လူတွေအနေနဲ့ အသက်အန္တရာယ်စိုးရိမ်နေကြသလို၊ စီးပွားရေးထိခိုက်ရ၊ အလုပ်တွေထိခိုက်ရ၊ ဝင်ငွေတွေမရကြနဲ့ အကျပ်အတည်းဖြစ်နေတဲ့ကာလမှာ စိတ်ဖိစီးမှုတွေ များတတ်ကြပါတယ်။
2020-04-12
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာပြီးနောက် ရှောင်ရန်ဆောင်ရန် သတိပေးချက်တွေကို အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လူစုလူဝေးများတဲ့ တရားရုံးတွေမှာတော့ အမှုစစ်ဆေးတာတွေ ဆက်ပြီး ရှိနေပါတယ်။
2020-04-09
နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... အငြိမ်းစား ရေတပ်ဦးစီးချုပ်ဖြစ်သလို၊ သမ္မတ-ဦးသိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်း ကို RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
2020-04-07
ကိုရိုနာဗိုင်းရပ်ရောဂါကိုကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့ဆုံးကနေတိုက်ပွဲဝင်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကတော့ ပစ္စည်းကရိယာလုံလုံလောက်လောက်မရှိဘဲ ဝန်ဆောင်မှုပေးနေကြရတာပါ။
2020-04-06
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မဥမ္မာဦးဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ဘေးအန္တရာယ် ကြုံရတဲ့အထိ ရောဂါအပြင်းအထန်ခံစားခဲ့ရပါတယ်။ အခုတော့ သူဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာနေပြီဖြစ်ပါတယ်။
2020-04-04
မြစ်ကြီးနားမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အသိပညာပေးပန်းချီတွေ လမ်းဘေးနံရံတွေမှာ ရေးဆွဲရာကနေ အရောင်သုံးစွဲမှုကြောင့် ဘာသာရေးဆိုင်ရာထိခိုက်မှုဆန်သွားပြီး ပန်းချီဆွဲတဲ့ လူငယ်တွေတရားစွဲခံနေရပါတယ်။
2020-04-02
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့နိုင်ငံတွေ ကနေပြန်လာပြီး နေအိမ်မှာစောင့်ကြည့်ခံရတဲ့ သူတွေအနေနဲ့ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖို့က သိပ်ပြီးအရေးကြီးပါတယ်။