သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-07
ဧရာဝတီတိုင်းအတွင်း ချီတက်နေတဲ့ သပိတ်စစ်ကြောင်းမှာ မသန်စွမ်း ကျောင်းသူ မစုပုံချစ်ဟာ ဒီနေ့ ညောင်တုန်းကနေ မအူပင်အထိလိုက်ပါလာခဲ့ပါတယ်။ မစုပုံချစ်ဟာ မွေးရာပါ မသန်စွမ်းသူဖြစ်ပေမယ့် သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က မဟာသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။
2015-02-06
ဧရာဝတီတိုင်း ပန်းတနော်မြို့ကို မနေ့ညကရောက်ရှိ ခဲ့တဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အခြေအနေနဲ့ ပတ်သက်လို့ ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-02-06
မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ မနေ့ညကရောက်ရှိခဲ့တဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အခြေအနေနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-02-05
Asia Society အဖွဲ့ရဲ့ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်ရှိနေတဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းစမ်ခမ်းကို ကိုကျော်ကျော်အောင်က ဝါရှင်တန်မြို့တော်မှာရှိတဲ့ RFA အသံလွှင့်ဌာန ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-02-05
ကချင်ပြည်နယ် ဖားကန့်မြို့ ကံဆီးကျေးရွာမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြသူ ၃ဝဝဝ လောက်ကို လှူဒါန်းဖို့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ မြစ် ကြီးနားမြို့ကနေ ဖားကန့်မြို့ကို ထွက်ခွာသွား ကြပါတယ်။
2015-02-05
လက်ပံတောင်းတောင် ဒေသခံတွေကိုကူညီလို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးမြို့က ကျောင်းသူ မဖြူနှင်းထွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-02-04
ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၇၄ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လက်ရှိ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးးကြီးစောလွင်ကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-02-02
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသူ ကျောင်းသား ၁ဝဝ ကျော်ဟာ မကွေးမြို့ကို ဒီနေ့ ရောက်ရှိနေပြီဖြစ်ပါတယ်။
2015-02-02
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက် ပြီး အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် နဲ့ ကျောင်းသားခေါင်းဆောင်တွေ မနက်ဖြန် ထပ်မံ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2015-02-02
မန္တလေးကနေ ရန်ကုန်အထိ ချီတက်နေကြတဲ့ သပိတ်မှောက်ကျောင်းသားတွေထဲမှာ ကျောင်းသားဟန်ဆောင်ပြီး လိုက်ပါလာတဲ့ စရဖ တစ်ဦးကို ကျောင်းသားတွေက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ရေနံချောင်းရဲစခန်းမှာ မနေ့က အပ်နှံခဲ့ပါတယ်။
2015-02-02
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီလ ၃ ရက်နေ့ နေပြည်တော်မှာ ဆက်လက်ကျင်းပဖို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ပါတယ်။