သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-28
ကိုးကန့်ဒေသတိုက်ပွဲတွေမှာ တရုတ်နယ်စပ်အခြေ စိုက် အဖွဲ့အစည်းတစ်ချို့ ပါဝင်ပတ်သက်မှု ရှိနေကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရ အနေနဲ့ ချမှတ်ထားတဲ့မူဝါဒအတိုင်း တိတိကျကျရပ် တည်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2015-02-28
‘အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာနရဲ့ သဘောထား’ ဆိုပြီး တက္ကသိုလ်အသီးသီးက ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခချုပ်တွေထံ အစိုးရပညာရေး ဝန်ကြီးဌာနက စာမျက်နှာ ၄၂ မျက်နှာပါ ထုတ်ပြန်ချက်တစ်ခုကို လျို့ဝှက်ဖြန့်ဝေထားပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေမှာပြင်ဆင်ပေးဖို့ ကျောင်းသားတွေတောင်းဆိုနေတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာနတို့က လက်မခံဝေဖန်တာတွေ ရှိနေပါတယ်။
2015-02-27
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ကျောင်း သားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနလောကမှာ အမြင်အမျိုးမျိုးပေါ်ပေါက်နေပါတယ်။
2015-02-25
နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေက ပေးအပ် တဲ့ ချေးငွေနဲ့ အထောက်အပံ့ငွေ တွေကို သုံးစွဲနေတဲ့ အစိုးရဝန်ကြီး ဌာနတချို့မှာ မသမာမှုတွေ၊ လေလွင့် ဆုံးရှုံးမှုတွေ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို က ပြောပါတယ်။
2015-02-24
ရန်ကုန်စက်မှုဇုန်တွေက အလုပ်သမားဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က လုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံပြီး လုပ်ခလစာတိုးမြှင့်မှုနှုန်းထား သတ်မှတ်ချက်တွေရရှိထားပြီးဖြစ်တယ်လို့ အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ရန်ကုန်တိုင်း အလုပ် သမားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။
2015-02-24
အမျိုးသား ပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က လိုလားဟန်မပြတဲ့ အခြေအနေတွေ တွေ့မြင်နေရတယ်လို့ NNER ပညာရေးကွန်ရက်က မနေ့က သတင်းစာရှင်းပွဲပြုလုပ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးထံကို စာတစ်စောင်ပေးပို့လိုက်ပါတယ်။
2015-02-23
၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိ ပညာပေး သင်တန်းတွေကို စစ်တွေ၊ မြစ်ကြီးနားနဲ့ မုံရွာမြို့မှာ ဒီနေ့ကစပြီး ၅ ရက်ကြာ ကျင်းပနေ ပါတယ်။
2015-02-22
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ်က မုံကွင်းမှာ ကျောက်မျက်လုပ်ငန်းရှင်အသင်းက အသင်းရုံးနဲ့ ကျောက်မျက်ဈေး ဆောက်လုပ်နေ တာကို ကန့်ကွက်ကြတဲ့ ဒေသခံ ၄ဝ ကျော်က အဲ့ဒီ မုံကွင်းမှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။
2015-02-22
တိုက်ပွဲဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ ချင်းရွှေဟော်ကို ပြန်လာတဲ့ ကြက်ခြေနီယာဉ်တစ်စီးဟာ မနေ့က တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီကြက်ခြေနီယာဉ်နဲ့အတူ သတင်းထောက် ငါးယောက်ပါရှိခဲ့ပြီး အဲ့ဒီအထဲက MRTV-4 သတင်းထောက် ကိုမြတ်သီဟမောင် ဒဏ်ရာရခဲ့ပါတယ်။
2015-02-22
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလကတည်းက ရပ်နားထားခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့် မတ်လထဲမှာ ပြန်လည်စတင်တော့မယ်လို့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထား တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပြောပါတယ်။
2015-02-21
မြန်မာနိုင်ငံမှာ ပညာရေးလွတ်လပ်ခွင့် မရှိတဲ့ အတွက်ဆိုပြီး အမေရိကန်ထိပ်တန်း တက္ကသိုလ် ကြီးတစ်ခုဖြစ်တဲ့ Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်နဲ့ ပူးပေါင်းဖွင့်လှစ်နေတဲ့ သင်တန်းအစီအစဉ်တွေကို ပြန်ရုတ်သိမ်းလိုက် ပြီ ဖြစ်ပါတယ်။
2015-02-21
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ ပြင်ဆင်အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံးအချိန် တစ်လလောက်ကြာမယ်လို့ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု့ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောပါတယ်။ ဒေါက်တာမြဦးကို RFA ဝိုင်းတော်သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-02-20
ရခိုင်ပြည်နယ်ထဲမှာ ဝှိုက်ကဒ်လို့ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ်တွေကို ပြန်လက်ခံဖို့ စတင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2015-02-20
ကျောင်းသားတွေကို ကြိုတင်အသိပေးခြင်းမရှိပဲ ငြိမ်းချမ်းစွာပညာသင်ကြားရေး ထောက်ခံပွဲ ပြုလုပ်တဲ့အတွက် ဒဂုံတက္ကသိုလ်ကျောင်းသားတွေက ပါမောက္ခချုပ်ကို ဒီနေ့ဆန္ဒပြခဲ့ကြပြီး အစိုးရ သတင်းမီဒီယာတွေကထုတ်လွင့်တဲ့ ဒဂုံတက္ကသိုလ်သတင်းနဲ့ ပတ်သက်လို့ တာဝန်ယူ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။