သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-07
နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ အတန်းပညာသာမက အသက်မွေးပညာရပ်ကိုပါ သင်ကြားပေးနေတဲ့ ပဲခူးမြို့စွန် ဥဿာမြို့သစ်က ရင်ခွင်မဲ့သူများဆုံဆည်းရာ မိဘမဲ့ကျောင်းလေးဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေနဲ့ မိဘမဲ့ ရင်သွေးငယ်တွေအတွက် အနာဂတ်မျှော်လင့်ချက်ကို တတ်နိုင်သလောက် ဖန်တီးပေးနေပါတယ်။
2023-02-06
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က ကွင်းဆင်းလေ့လာမှုတွေ ရှိလာနေတဲ့အတွက် ဒေသခံရေလုပ်သားတွေအကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
2023-02-02
စစ်ကောင်စီလက်ထက်မှာ တိုင်းပြည်မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာလို့ အမျိုးသမီးတွေအပြင် ဆံပင်အရှည်ထားတဲ့ အမျိုးသားတွေပါ ဖြတ်ရောင်းနေရပါတယ်။
2023-01-31
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ကေအိုင်အို ထိန်းချုပ်ရာ ပါဂျောင်ဒေသ ရှအစ်ယန် စစ်ဘေးဒုက္ခသည်စခန်းဟာ အခြားဒေသက ဆောင်းရာသီနဲ့မတူဘဲ ဆီးနှင်းတွေကျပြီး ရေခဲတဲ့အထိ အအေးလွန်ကဲတာကြောင့် ဒုက္ခသည်တွေဟာ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။
2023-01-29
ကျီရွာက တိမ်းရှောင်ခဲ့တဲ့မိသားတစ်စု အိမ်အပြန်လာမှာ သူတို့အိမ် မီးလောင်ပြီးပြီဖြစ်သလို ချက်ပြီးစ ထမင်းအိုးနဲ့ ဟင်းအိုးက ပြာပုံထဲမှာ ကျွမ်းနေပါပြီ။ အဲဒီနေ့အတွက် ဘယ်မိသားစုမှာမှ စားစရာမရှိတော့ပါဘူး။
2023-01-27
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ - တရုတ် နှစ်နိုင်ငံ အဝင်အထွက်လမ်းတွေကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားတဲ့အတွက် ဝိုင်းမော်မြို့နယ်က သော့သီးလို့ ခေါ်ကြတဲ့ မက္ကာဒေးမီးယား (Macadamia) အသီးစိုက်တောင်သူတွေ အခက်တွေ့နေကြရပါတယ်။
2023-01-25
စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့တပ်တွေကို လက်လုပ်သေနတ်တွေနဲ့ ခုခံတော်လှန်နေတာ နှစ်နှစ်နီးပါး ရှိလာနေပါပြီ။ စစ်ကောင်စီကလည်း အဲဒီလို မီးကျိုးမောင်းပျက်နဲ့ပဲ တော်လှန်နေရတဲ့သူတွေကို ကြည်းတပ်နဲ့ရင်မဆိုင်နိုင်ဘဲ တိုက်လေယာဉ်တွေသုံးပြီး ချေမှုန်းနေရပါတယ်။
2023-01-25
အသက် ၆၆ နှစ်အရွယ် ဦးဖိုးသိန်းဟာ တစ်ချိန်က ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ လယ် ၁၂ ဧက ပိုင်ဆိုင်ခဲ့တဲ့ လယ်သမား တစ်ဦးပါ။ ရာသီဥတုဖောက်ပြန်မှုအပြင် လယ်သမားတိုင်းကြုံရလေ့ရှိတဲ့ ကြွေးမြီပြဿနာတွေကြောင့် လယ်မြေတွေကို ထုခွဲရောင်းချပြီး လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရန်ကုန်မြို့ကို မိသားစုနဲ့အတူ ပြောင်းရွှေ့လာခဲ့ကြပါတယ်။
2023-01-23
အသက် ၂၇ နှစ်အရွယ် သတင်းထောက် ကိုမျိုးထက်လှသော်ဟာ ဆန္ဒပြပွဲတွေ၊ တိုက်ပွဲတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စတဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကဏ္ဍပေါင်းစုံက အခြေအနေတွေကို ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေ တောက်လျှောက်ရိုက်ကူးနေသူတစ်ဦးပါ။
2023-01-19
ဘုရား၊ ပုထိုး၊ စေတီတွေ၊ ရှေးဟောင်း အနုသုခုမလက်ရာတွေနဲ့ နာမည်ကြီးတဲ့ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ မိရိုးဖလာလုပ်ကိုင်လာကြတဲ့ ပုန်းရည်ကြီးကလည်း နာမည်ကြီး စားစရာတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
2023-01-16
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ကေအိုင်အို ထိန်းချုပ်ရာ ဒေသတစ်ဝိုက်က စစ်ဘေး ဒုက္ခသည်စခန်း သုံးခုမှာ မသန်စွမ်း စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရှိပြီး အဲဒီအထဲက အသက် ၄၀ ကျော်အရွယ် မမရန်ဘောက်တောင်ဟာ ပိုလီယိုရောဂါကြောင့် ငယ်စဉ်ကတည်းက ခြေတစ်ဖက် မသန်စွမ်းသူ ဖြစ်ပါတယ်။
2023-01-13
အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလအတွင်း လူငယ်တွေ စိတ်မလေလွင့်အောင် ပန်းထိုးပညာမျှဝေရင်း လက်မှုပစ္စည်းတွေရောင်းနေသူကတော့ အသက် ၆၀ အရွယ် ဦးတင်ဦး ဖြစ်ပါတယ်။ ဒီလိုသင်ပေးတဲ့အတွက် လူငယ်တွေစိတ်တည်ငြိမ်ဖို့ အထောက်အကူပြုသလို၊ လက်မှုအတတ်ပညာတစ်ခုလည်းရတယ်လို့ ပညာသင်နေတဲ့ လူငယ်တွေက ပြောပါတယ်။
2023-01-12
ဒီကျောင်းမှာ မြန်မာနိုင်ငံဒေသအစုံက စွန့်ပစ်ခံ မိဘမဲ့ကလေး လသားအရွယ်ကနေ အသက် ၂၀ ကျော်အထိရှိပြီး ကလေးတွေရဲ့ ပညာရေးအတွက် ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းကိုပါ ပူးတွဲဖွင့်လှစ်ထားတာပါ။
2023-01-10
ချင်းပြည်နယ်က ထွက်တဲ့ မျောက်ငိုသီးတွေဟာ အိန္ဒိယနိုင်ငံ ကသည်းလူမျိုးတွေရဲ့ အစားအစာတစ်ခုဖြစ်တဲ့အတွက် မျောက်ငိုသီးပေါ်ချိန် ဒီဇင်ဘာလကနေ မတ်လအထိ မျောက်ငိုသီးပွဲစားတွေက ချင်းတောင်အထိ လာရောက်ယူရပါတယ်။ အခုနှစ်မှာတော့ နိုင်ငံရေး အခြေနေမတည်ငြိမ်မှုတွေကြောင့် မျောက်ငိုသီးစိုက်တောင်သူတွေ အခက်တွေ့နေကြရပါတယ်။
2023-01-05
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ အိုးလုပ်ငန်းကို ကိုလိုနီခေတ်နှောင်းပိုင်းကာလ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ဝန်းကျင်က စတင်ပါတယ်။ လူတွေဟာ သောက်သုံးရေထည့်ဖို့၊ ဟင်းချက်ပြုတ်ဖို့နဲ့ အလှပန်းပင်တွေ စိုက်ပျိုးဖို့အတွက် မြေသားနဲ့ပြုလုပ်ထားတဲ့ အိုးတွေကို အဓိကအသုံးပြုခဲ့ကြတာပါ။